သီရိလင်္ကာထံမှ နစ်နာကြေး အမေရိကန်ဒေါ်လာ ၈ သန်း တရုတ်ကုမ္ပဏီ တောင်းဆို

သီရိလင်္ကာထံမှ နစ်နာကြေး အမေရိကန်ဒေါ်လာ ၈ သန်း တရုတ်ကုမ္ပဏီ တောင်းဆို

အငြင်းပွား ဖွယ်ရာဖြစ်သော ဓာတ်မြေသြဇာများကို တင်သွင်းသည့် တရုတ်ကုမ္ပဏီ Qingdao Seawin Biotech Group Co., Ltd. သည် သီရိလင်္ကာ အမျိုးသားအပင်သီးသန့်ခွဲထားမှုဌာနမှ တွဲဖက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝါအေအာတီထံသို့ နိုဝင်ဘာ ၅ ရက်မှ စတင်၍ ၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၈ သန်း ပေးရန် တောင်းဆိုခဲ့ပြီး ဥပဒေ ကြောင်းအရ အရေးယူမည်ဟု သတိပေးထားသည်။

ကုမ္ပဏီပေးသောနမူနာများတွင် 'Erwinia' ဟုခေါ်သော အန္တရာယ်ရှိသော ဘက်တီးရီးယားများ ပါရှိသည် ဟူသောအချက်ဖြင့် သီရိလင်္ကာမှ တင်ပို့မှုကိုပယ်ချခဲ့သော်လည်း တရုတ်ကုမ္ပဏီက ငြင်းဆိုခဲ့သည်။

ကုမ္ပဏီက ယင်း၏ ရှေ့နေ ဖွန်ဆီကာမှတဆင့် ငွေပေးချေမှုအတွက် တောင်းဆိုသောစာတစ်စောင် ပေးပို့ခဲ့သည်။

တကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး နာမည်ကောင်းနှင့် သိက္ခာများ ဆုံးရှုံးခြင်းအပြင် လက်ရှိနှင့် အလားအလာရှိသော လုပ်ငန်းများလည်း နောက်ထပ် ဆုံးရှုံးမှုများနှင့် ဆက်လက် ကြုံတွေ့နေရကြောင်း ကုမ္ပဏီက အသိပေးခဲ့သည်။

ကုမ္ပဏီသည် တရုတ်ပြည်တွင် အကြီးဆုံးနှင့် နံပါတ်တစ် အော်ဂဲနစ်မြေသြဇာထုတ်လုပ်သူဖြစ်ပြီး ယင်း၏ ထုတ်ကုန် ပင်လယ်မှော်အော်ဂဲနစ်ဓာတ်မြေသြာဇာကို အမေရိကန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ သြစတြေးလျနှင့် နယူးဇီလန်အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၅၀ ကျော်သို့ ကာလတာရှည်ကတည်းက တင်ပို့ရောင်းချနေပြီး ယင်းနိုင်ငံများတွင် အစိုးရဝယ်လက်များနှင့် ပုဂ္ဂလိကဖောက်သည်များရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly