စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်သား ၁ ဦး KNDF ထံ CDM ပြုလုပ်

စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်သား ၁ ဦး KNDF ထံ CDM ပြုလုပ်

နိုဝင်ဘာ ၁၄

စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတစ်ခုမှ တပ်သားအဆင့် ရဲဘော် တစ်ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု( CDM ) ပြုလုပ်ကာ လာရောက် ခိုလှုံခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်‌ရေးတပ် ( KNDF ) B-02 က ယနေ့ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

" စစ်သားတစ်ဦး ခိုလှုံလာတာကတော့ ကျိန်းသေပါတယ်။ အသေးစိတ် ဖြေပေးဖို့က ရှေ့တန်း ရောက်နေတဲ့ အတွက် ညနေမှသာ ပြောနိုင်ပါမယ်" ဟု KNDFမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

၎င်းတို့၏ ထုတ်ပြန်ချက်တွင် " စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း တစ်ခုမှ တပ်သားအဆင့် ရဲဘော်တစ်ဦး CDM ဝင်ရောက်လာသဖြင့် မိမိတို့တပ်ရင်းက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး သက်ဆိုင်သူနှင့် မိသားစု၏ လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် အပြည့်အ‌ဝ တာဝန်ယူ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်"ဟု ဖော်ပြထားသည်။

Photo - KNDF B-02

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required