နိုဝင်ဘာ ၁၄
မင်္ဂလာဒုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) သည် ယနေ့ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ''ပုန်ကန်မှုတွေနဲ့ မင်္ဂလာဒုံကို ပြန်အသက်သွင်းမယ်'' ဆိုသည့် စာတန်းကို စစ်ကောင်စီတပ်ဖွဲ့ များစွာ လုံခြုံရေး တင်းကျပ်ထားသည့် မင်္ဂလာဒုံမြို့နယ်ရှိ လူကူးဂုံးကျော် တံတား တစ်ခုတွင် ချိတ်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။