အာဖဂန်နစ္စတန် နန်ဂါဟာပြည်နယ်တွင် ပေါက်ကွဲမှု ၂ ခု ကြောင့် လူ ၃ ဦး သေဆုံး

အာဖဂန်နစ္စတန် နန်ဂါဟာပြည်နယ်တွင် ပေါက်ကွဲမှု ၂ ခု ကြောင့် လူ ၃ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်၏ မြို့တော်တွင် နိုဝင်ဘာ ၇ ရက်က ပေါက်ကွဲမှုနှစ်ခုကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးပြီး အခြားလူတချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

နန်ဂါဟာပြည်နယ် ဂျလာလာဘတ်မြို့တွင် ပေါက်ကွဲမှုနှစ်ခုဖြစ်ခဲ့ပြီး ယင်းနောက် နောက်ဆက်တွဲ ပစ်ခတ်မှုတစ်ခု ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး ရုရှားသတင်းအေဂျင်စီ Sputnik က ဖော်ပြသည်။

"ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် အလောင်း သုံးလောင်းကို ဆေးရုံကို သယ်သွားပါတယ်" ဟု ရုရှားသတင်းအေဂျင်စီက ဖော်ပြသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး တာလီဘန်တို့က တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly