ပထမဆုံးအိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို တရုတ်ပြဋ္ဌာန်း

ပထမဆုံးအိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို တရုတ်ပြဋ္ဌာန်း

ပေကျင်း၊ ဒီဇင်ဘာ ၂၈ ။             ။ တရုတ်သည် ၎င်း၏ ပထမဆုံးသော အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို သီတင်းပတ်အကုန်အတွင်းက အတည်ပြုခဲ့သည်။ သို့သော်လည်း ယင်းဥပဒေက ဖြစ်နိုင်ဖွယ်ရာရှိသည့် မတရားခံရသူအချို့ကို အကာအကွယ်မပေးနိုင်သည့်အပြင် ပြဋ္ဌာန်းရေးမှာလည်း အချိန်အလွန်ယူခဲ့သည်ဟု စည်းရုံးလှုံ့ဆော်သူများက ဒီဇင်ဘာ ၂၈ တွင်ပြောကြားခဲ့သည်။

အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီက ဒီဇင်ဘာ ၂၈က အိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို လက်ခံအတည်ပြုခဲ့သည်။ ၎င်းဥပဒေက ကာလရှည်ကြာစွာကပင် စည်းရုံးလှုံဆော် သူများက ထောက်ခံသည့် အရေးယူဆောင်ရွက်မှုများဖြစ်သည့် မိသားစုတွင်းအနိုင်ကျင့်မှုကို အဓိပ္ပါယ်ဖွင့်ဆိုပြီး ကန့်သတ်ထိန်းချုပ်သည့် အမိန့်များသက်ရောက်မှု ရှိရေးလုပ်ငန်းစဉ်ကို ချောမွေ့စေမည်ဖြစ် သည်။

ယခင်က အိမ်တွင်းအကြမ်းဖက်မှုပြသနာကို လက်ထပ်ထိမ်းမြားမှု၊ ကလေးများကို အကာအကွယ်ပေးမှုကဲ့သို့ ကိစ္စများကို ကိုင်တွယ်သည့် သီးခြားဖြစ်သည့် ဥပဒေ၊စည်းမျဉ်းများဖြင့်သာ ဖြေရှင်းခဲ့သည် ဟု နိုင်ငံပိုင်ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။

လက်ထပ်ခဲ့သည့် အိမ်ထောင်ရှင်အမျိုးသမီး လေးပုံတစ်ပုံနီးပါးမှာ အိမ်တွင်းအကြမ်းဖက်မှုခံရပြီး ၎င်းစာရင်းမှာ ကွန်မြူနစ်ပါတီနှင့် ဆက်စပ်သော တရုတ်အမျိုးသမီးများအဖွဲ့ချုပ်မှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ရှင်ဟွာက ဆိုသည်။

သို့သော်လည်း အိမ်တွင်းအကြမ်းဖက်မှုပြသနာကို ပုဂ္ဂလိကကိစ္စတစ်ခုကဲ့သို့ ဘေးဖယ်ခံထားရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ဝေါဟာရအား တရားဥပဒေအရအဓိပ္ပါယ်ဖွင့်ဆိုမှုမရှိခဲ့ဘဲ အနိုင်ကျင့်ခံကြောင်း တိုင်တန်းလာလျင် ၎င်းတို့ကို ရဲတပ်ဖွဲ့မှ အမျိုးသမီးများအဖွဲ့ချုပ်၊ ရပ်ကွက်ကော်မတီတို့သို့ လွှဲပေးလိုက်ကြပြီး အာဏာပိုင်တို့ကလည်း ဒဏ်ရာကြီးကြီးမားမားမရလျင် စွက်ဖက်မှုမလုပ်ချင်ကြပေ။

မတ်လမှ စ၍ အသက်ဝင်မည့် ဥပဒေသစ်က အိမ်တွင်းအကြမ်းဖက်မှုတွင် မိသားစုဝင်ချင်း ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနာကျင်စေခြင်း၊ ရိုက်နှက်ခြင်း၊ ခန္ဒာကိုယ်ကိုချုပ်နှောင်ကန့်သတ်ခြင်း၊ နုတ်ဖြင့် ခြိမ်းခြောက်ခြင်းတို့ပါဝင်သည်ဟု ရှင်ဟွာက ဖော်ပြသည်။

အနိုင်ကျင့်ခံရကြောင်းတိုင်ကြားလာပါက ရဲတပ်ဖွဲ့က ချက်ခြင်းကြားဝင်ရန် တာဝန်ရှိသည်ဟုလည်း ဖော်ပြထားသည်။ သို့သော်လည်း လိင်ပိုင်းအကြမ်းဖက်မှု၊ လိင်တူစုံတွဲများကြား အိမ်တွင်းအကြမ်းဖက်မှု ကဲ့သို့ အနိုင်ကျင့်မှုပုံစံများကို ဥပဒေသစ်က ကိုင်တွယ်ခြင်းမရှိဟု ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးအုပ်စု Yirenping ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly