ပြည်ပမှ ဝင်ရောက်လာသည့် ကိုဗစ်-၁၉ ကူးစက်များကြောင့် ပြည်တွင်း၌ ကူးစက်မှုများ မြင့်တက်မှုမရှိအောင် တရုတ်တွင် ဖိအားများနှင့် ရင်ဆိုင်နေရ

ပြည်ပမှ ဝင်ရောက်လာသည့် ကိုဗစ်-၁၉ ကူးစက်များကြောင့် ပြည်တွင်း၌ ကူးစက်မှုများ မြင့်တက်မှုမရှိအောင် တရုတ်တွင် ဖိအားများနှင့် ရင်ဆိုင်နေရ

တရုတ်အစိုးရ၏ နိုင်ငံတော်ကျန်းမာရေး ကော်မရှင် ရောဂါထိန်းချုပ်ရေးအဖွဲ့(NHC ) မှ ဒုတိယ ညွန်ကြားရေးမှူး ဝူလျံယိုးက ပြည်ပမှ ဝင်ရောက်လာသူတို့ထံမှ စစ်ဆေတွေ့ရှိထားသော ကိုရိုနာဗိုင်းရ်စ်သည် ပြည်တွင်း၌ ကူးစက်မှု မမြင့်မားစေရန် တရုတ်အနေဖြင့် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားသည်ဟု Global Times သတင်းဌာနက ဖော်ပြခဲ့သည်။

ပြည်နယ် ၂၀ ရှိ မြို့ကြီး ၄၄ မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၉၁၈ ဦး တွေ့ရှိထားပြီး ၎င်းတို့သည် ပြည်ပမှ ပြန်လာသူများဖြစ်ကာ တစ်ဦးဦးနှင့် တစ်ဦး ထိတွေ့မှုများလည်း မရှိခဲ့ကြောင်း NHC အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းတွင် ရေးသားထားသည်။ ရောဂါလုံးဝ ကင်းစင်နိုင်ရန် လုံးဝတင်းကျပ်စွာ ထိန်းချုပ်သည့် အစီအစဉ်အား တရုတ်အာဏာပိုင်များက စွန့်လွှတ်ရန် အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ဒုတိယညွှန်ကြားရေးမှူးက တရုတ်နို်ငငံ၏ တင်းကျပ်သော မူဝါဒသည် နိုင်ငံ၏ အခြေအနေ၊ သိပ္ပံနည်းကျ စဉ်းစားတွက်ချက်မှုတို့နှင့် ကိုက်ညီကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု Global Times တွင် ဖော်ပြထားသည်။

ပြည်တွင်း၌ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ခိုင်မာသည့် ကာကွယ်တားဆီးမှု လုပ်ဆောင်ရန် တင်းကြပ်သည့် အစီအစဉ်များ ဆက်လက်ထားရှိသွားမည်ဟု ဝူက ထည့်သွင်းပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်မားနေသောကြောင့် ကျန်ရှီးပြည်နယ်မှ အားလပ်ရပ် အပန်းဖြေစခန်းကို ပိတ်ပစ်လိုက်သလို ယာဉ်အသွားအလာများကိုလည်း ထိန်းချုပ်လိုက်ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။

နိုင်ငံအရှေ့ပိုင်း ယန်ရှန်းခရိုင်ရှိ အားလပ်ရပ်အပန်းဖြေစခန်းတစ်ခုကိုလည်း ပိတ်ပစ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly