သမ္မတရှီကျင့်ဖျင်၏ လုပ်ပိုင်ခွင့်အာဏာပိုမိုမြင့်တက်စေရန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

သမ္မတရှီကျင့်ဖျင်၏ လုပ်ပိုင်ခွင့်အာဏာပိုမိုမြင့်တက်စေရန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီက ဆဌမ စုံညီအစည်းအဝေးကို နိုဝင်ဘာ ၄ ရက်တွင် ပေကျင်းမြို့တော်၌ စတင်ကျင်းပခဲ့သည်။

ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ် သမ္မတရှီကျင့်ဖျင်က ၎င်းတို့ကော်မီ၏ နိုင်ငံရေးဗျူရိုကိုယ်စား လုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပြီး အဓိကကျသည့် အောင်မြင်မှုများနှင့် CPC ပါတီ၏ နှစ် ၁၀၀ တွင်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ် ဆုံးဖြတ်ချက် မူကြမ်းအား ရှင်းလင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များနှင့်အတူ အရာရှိ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း NHK World သတင်းတွင် ဖော်ပြထားသည်။

သမ္မတရှီနှင့် အခြားခေါင်းဆောင်များက အရေးကြီးသည့် မူဝါဒများ ချမှတ်ခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ CPC ပါတီအစည်းအဝေးက ယင်းကဲ့သို့ ဆုံးဖြတ်မျိုးကို ၁၉၄၅ ခုနှစ်နှင့် ၁၉၈၁ ခုနှစ်များတွင် ချမှတ်ခဲ့ကာ ခေါင်းဆောင်ဟောင်းများဖြစ်သည့် မော်စီတုန်းနှင့် တိန့်ရှောင်ဖိန်တို့၏ ဩဇာအာဏာကို ခိုင်မာအားကောင်းစေခဲ့သည်ဟု ကျွမ်းကျင်သူများ၏ ပြောကြားချက်ကို NHK World သတင်းဌာနက ဖော်ပြခဲ့သည်။

ယခုနှစ်တွင် CPC ပါတီထူထောင်သည့် နှစ်၁၀၀ ပြည့်မြောက်ပြီး လာမည့်နှစ်တွင် ကျင်းပမည့် ပါတီ၏ ကွန်ဂရက် အစည်းအဝေး၌ သမ္မတရှီကျင့်ဖျင်အနေဖြင့် လက်ရှိသမ္မတ သက်တမ်းကို တတိယအကြိမ် ရွေးချယ်ခံရနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly