ရှင်ကျန်းရှိဝီဂါများအပေါ် တရုတ်၏ နှိပ်စက်မှုဒဏ်ကို ပြည်ပရောက် နေရပ်စွန့်ခွါသူများပါ ခံစားနေရ

ရှင်ကျန်းရှိဝီဂါများအပေါ် တရုတ်၏ နှိပ်စက်မှုဒဏ်ကို ပြည်ပရောက် နေရပ်စွန့်ခွါသူများပါ ခံစားနေရ

ရှင်ကျန်းတွင် ဝီဂါများအပေါ် တရုတ်၏ နှိမ်နင်းမှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြည်ပရောက် နေရပ်စွန့်ခွါသူများ အနေဖြင့် စိတ်ပိုင်းဆိုင်ရာတုန်လှုပ်ချောက်ချားမှုများကို စတင် ခံစားနေရသည်ဟု မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

တရုတ်ပြင်ပတွင် နေထိုင်သော ဝီဂါ ၁သန်းခန့်သည် နေရပ်ရှိဆွေမျိုးများနှင့် လွတ်လပ်စွာ ဆက်သွယ်၍ မရကြောင်း နယူးယောက်တိုင်းမ်သတင်းထောက် အေမီရှင်းနှင့်ဆူလီဝီးတို့က ရေးသားထားသည်။

မကြာသေးခင်နှစ်များက တရုတ်အစိုးရသည် စောင့်ကြည့်ထောက်လှမ်းမှုကို အရှိန်မြှင့်ခဲ့ပြီး ပြည်ပနှင့်အဆက်အသွယ်ရှိသူများကို ပြစ်ဒဏ်ပေးရန် ဦးတည်ခဲ့သည်။ ယခုအချိန်တွင် ရွှေ့ပြောင်း ဝီဂါအများအပြားသည် ၎င်းတို့ဆွေမျိုးများအဆင်ပြေခြင်းရှိမရှိ၊ ထိန်းသိမ်းရေးစခန်းသို့မဟုတ် အကျဉ်းထောင်များတွင် ရောက်နေသည်လားဆိုသည်နှင့် အသက်ရှင်နေသေးလားဆိုသည်ကိုပင် မသိကြပေ။

အဆိုပါ သတင်းအရ အမေရိကန်ရှိ Uyghur Wellness Initiative အဖွဲ့သည် ဝီဂါအသိုက်အဝန်းအတွက် အကျိုးဆောင်ကုစားပေးရန် ကွန်ရက်ငယ်တစ်ခုကို ဖွဲ့စည်းထားသည်။

ဘယ်လ်ဂျီယံတွင် ဝီဂါတက်ကြွလှုပ်ရှားသူတစ်ဦးသည် ဘော့စနီးယားလူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသူများနှင့် လက်တွဲလုပ်ဆောင်သည့်အကြံပေးပုဂ္ဂိလ်များ ဦးဆောင်သော အမျိုးသမီးများဆိုင်ရာအွန်လိုင်းသင်တန်းကိုညှိနှိုင်းဆောင်ရွက်နေသည်။

“တချို့လူတွေဟာစိတ်ခံစားမှုအရ မတက်ကြွကြတော့ဘူး။ဒါ မှမဟုတ်ဘာမှမဖြစ်သလို မျိုး ဟန်ဆောင်နေကြတယ်။ ခံစားချက်တွေမျိုသိပ်ထားမယ့်အစား စိတ်ဓာတ်ပြန်လည်မြှင့်တင်ပေးပြီးတော့ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာအဖြစ် ပြောင်းလဲပေးချင်ပါတယ်” မိတ်ဆွေဝီဂါများအတွက် စိတ်ကျန်းမာရေးကုစားပေးရေးအဖွဲ့ကို စီစဉ်ဆောင်ရွက်နေသော ဩစတြေးလျမှ လူမှုဝန်ထမ်းနာဂူလ်ဆာဝပ် ကပြောသည်။

ပြည်ပမှဝီဂါအများအပြားသည် စိတ်ဓာတ်ကျမှုသို့မဟုတ် စိုးရိမ်မှုကဲ့သို့ စိတ်ဒဏ်ရာ ပုံစံတချို့ကိုခံစားနေရကြောင်း အလွတ်သဘောစစ်တမ်းများကို ကိုးကား၍သတင်း၌ ဖော်ပြထားသည်။

တရုတ်သည် ရှင်ကျန်းရှိဝီဂါမွတ်စလင်များကို အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစခန်းများသို့ ပို့ခြင်း၊၎င်းတို့၏ဘာသာရေးလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း အပါအဝင် အနိုင်ကျင့်ခြင်းများပြုလုပ်ခြင်းဖြင့် တကမ္ဘာလုံး၏ ပြစ်တင်ရှုတ်ချမှုကိုခံနေရသည်။သို့သော် တရုတ်အာဏာပိုင်များက စွဲချက်အားလုံးကိုငြင်းဆိုမြဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly