နတ်မောက်မြို့မစျေး မီးညွန့်ကျိုးပြီ

14 November 2021
နတ်မောက်မြို့မစျေး မီးညွန့်ကျိုးပြီ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ စျေးရပ်ကွက်ရှိ မြို့မစျေးသည် ယနေ့နိုဝင်ဘာ ည ၉ နာရီခွဲအချိန်ခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ပြီး ယခု ည ၁၁ နာရီခွဲအချိန်တွင် မီးညွန့်ကျိုးသွားပြီဟု မြို့မစျေးရှေ့ရောက်နေသည့် ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။

“တစ်စျေးလုံးလဲ ကုန်လုနီးပါးပါပဲဗျ။ ချွေးနဲစာလေးနဲ့ စုဆောင်းထားတာလေးတွေ ကုန်ပါပီ” ဟု နတ်မောက်ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိမှာ ကျန်ရှိနေသည့် မီးကျွင်း၊ မီးကျန်များကို ငြိမ်းသတ်နေကြောင်း သိရသည်။

အဆိုပါ မြို့မစျေး မီးလောင်ကျွမ်းသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုကို မသိရသေးပေ။

Video-CJ (မီးလောင်ခဲ့သော နတ်မောက်မြို့မစျေး)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly