အင်းတော်မြို့နယ်ရှိ နဘားမီးရထားရဲစခန်းကို အထူးပြောက်ကျားတပ်ဖွဲ့စီးနင်းကာ လက်နက်ခဲယမ်းများရယူ

အင်းတော်မြို့နယ်ရှိ နဘားမီးရထားရဲစခန်းကို အထူးပြောက်ကျားတပ်ဖွဲ့စီးနင်းကာ လက်နက်ခဲယမ်းများရယူ

နိုဝင်ဘာ ၁၃

အင်းတော်မြို့နယ် နဘားမီးရထားရဲစခန်းကို ယနေ့ညနေတွင် ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရယူခဲ့ကြောင်း အထူးပြောက်ကျားအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်သည်။

Indaw Revolution ၏ တိုက်ခိုက်မှုလက်တွေ့လေ့ကျင့်ခန်းအဖြစ် ညနေ ၅ နာရီခန့်တွင် ကသာခရိုင်အတွင်းရှိ ရထားရဲစခန်းကို လျှပ်တပြက်စီးနင်းခဲ့ပြီး စစ်ကောင်စီတပ်မှ တွဲဗို့ တစ်လက် ၊တွဲဗို့ကျည်၃၀ ၊ခြောက်လုံးပြူးကျည်၊ G2ကျည်၊ ကျည်သေတ္တာတစ်လုံးနှင့် လက်ပ်တော့တစ်လုံးတို့ကို " လူမသတ်ဘဲ" သိမ်းယူခဲ့သည်ဟု ဆိုသည်။

ရဲစခန်းစီးနင်းခံရမှုအပြီး အင်းတော်မြို့နယ်မှ ရဲအကူများရောက်ရှိလာပြီး သေနတ်များရမ်းသမ်း ဖောက်နေခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required