လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ကက်ရှ်မီးယားဒေသ လုပ်ငန်းရှင်များ တောင်းဆို

By India Blooms News Service
13 November 2021
လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ကက်ရှ်မီးယားဒေသ လုပ်ငန်းရှင်များ တောင်းဆို

စက်မှုလုပ်ငန်းများနှင့် ဈေးဆိုင်များအတွက် လုပ်ငန်းချိန်များတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးရန် အိန္ဒိယနိုင်ငံ ကက်ရှ်မီယားဒေသ ကုန်သွယ်ရေးမဟာမိတ်အဖွဲ့ (KTA) က နယ်မြေအစိုးရကို တောင်းဆိုလိုက်သည်။

စက်မှုလုပ်ငန်းများ၊ ကုန်သည်များအနေဖြင့် နေ့ဘက်မှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ ဓာတ်အား မပြည့်ဝမှုများနှင့် ကြုံတွေ့နေရခြင်းသည် ကိုဗစ်ရောဂါ၏ တားမြစ်ကန့်သတ်ချက်များကြောင့်ဖြစ်သော အခြေအနေများကို ပိုမိုဆိုးရွားစေလျက်ရှိသည် ဟု KTA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KTA ၏ ဥက္ကဌ အီဂျက်ဇ်ရှက်ဟာက “စီးပွားရေးက နှေးကွေးနေချိန်မှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် အခက်အခဲကို ပိုမိုဆိုးရွားစေပါတယ်။ အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အားကို ကြန့်ကြာမှုမရှိဘဲ အဆင်ပြေအောင် ပေးသင့်ပါတယ်” ဟု ပြောကြားသည်။

“ဆောင်းရာသီ ဝင်ရောက်လာတဲ့ အချိန်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ကန့်သတ်ထားတာကို ပိုပြီး ပေးသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းနေရာတွေအတွက် ထပ်မံပြီး ကြန့်ကြာမှုမရှိစေဘဲ လျှပ်စစ်ဓာတ်အား ပေးဖို့ အစိုးရကို တိုက်တွန်းပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly