အိန္ဒိယ၏ ကုန်ပစ္စည်းပို့ဆောင် ဖြန့်ဖြူးသည့် နေရာလိုအပ်ချက် ဆက်လက် မြင့်တက်နေ

အိန္ဒိယ၏ ကုန်ပစ္စည်းပို့ဆောင် ဖြန့်ဖြူးသည့် နေရာလိုအပ်ချက် ဆက်လက် မြင့်တက်နေ

အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်း ပို့ဆောင် ဖြန့်ဖြူးသည့် နေရာအကျယ်အဝန်းလိုအပ်ချက်သည် ဇူလိုင်-စက်တင်ဘာ ၃ လပတ်တွင် ဆက်လက်လိုအပ်နေဆဲ ဖြစ်ကာ လက်ရှိအကျယ်အဝန်း စတုရန်းပေ ၉ သန်းသည် မလုံလောက်ကြောင်း အိမ်ခြံမြေလုပ်ငန်း အတိုင်ပင်ခံအုပ်စုဖြစ်သည့် CBRE ၏ အာရှ-ပစိဖိတ်ဆိုင်ရာ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ထုတ်လုပ်မှုနှင့် ကွန်တိန်နာသင်္ဘော များအတွက်အခက်အခဲများ ရှိနေသော်လည်း ကုန်ပစ္စည်း ပို့ဆောင် ဖြန့်ဖြူးသည့် နေရာအကျယ်အဝန်းသည် အာရှတွင် စတုရန်းပေ ၂၇ ဒသမ ၄ သန်းသို့ ရောက်ရှိသွားပြီဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အွန်လိုင်းမှ လက်လက်ရောင်းချသူများနှင့် နှစ်ကုန်အရောင်းမြှင့်တင်ရေးအတွက် ပြင်ဆင်နေသည့် ဆက်စပ် သယ်ယူပို့ဆောင်ရေး တတိယအဖွဲ့အစည်း(3PL) များက နေရာငှားရမ်းမှု အများဆုံးဖြစ်သည်။

“ဝယ်ယူတွေဆီကို အချိန်ုတိုတိုနဲ့ ကုန်ပစ္စည်းတွေပေးပို့နိုင်ဖို့ နေရာတွေ ငှားရမ်းပြီး ဖြန့်ဖြူးရေး ကွန်ရက်တွေကို အခု ၃ လပတ်အတွင်းမှာ ချဲ့ထွင်လာကြပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာရှ ပစိဖိတ်ဒေသ၏ မူလနှင့် ထပ်ဆင့် ဈေးကွက်များတွင် ၂၀၂၂ ခုနှစ်အတွင်း ကုန်ပစ္စည်းအတင်အချ ပြုလုပ်သည့် နေရာသစ် စတုရန်းပေ ၁၇၂ သန်းခန့် ပြီးစီးနိုင်ဖြစ်ကာ နှစ်ပတ်လည်စာရင်းအရ အများဆုံး ပမာဏဖြစ်သည်။

အိန္ဒိယတွင် ကုန်လှောင်ရုံ လိုအပ်ချက်များလည်း အထူးမြင့်တက်ခဲ့သည်။

“အဆင့် ၁ ရှိတဲ့ ကုန်လှောင်ရုံ ငှားရမ်မှုတွေက အခုကတည်းက မြင့်တက်နေပါပြီ” ဟု ကုန်လှောင်ရုံ တည်ဆောက် ငှားရမ်းသည့် လုပ်ငန်းတစ်ခုဖြစ်သည့် Avigna Group ၏ အမှုဆောင်အရာရှိချုပ် အဘီဂျစ်ဗာမာက ပြောကြားသည်။

“Avigna ကုမ္ပဏီက ကုန်လှောင်ရုံ တည်ဆောက်မှုတွေကို အရင်က ၄ နေရာမှာပဲ လုပ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ၇ နေရာအထိ တိုးချဲ့ခဲ့ပါတယ်။ အိန္ဒိယမြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာပါ လုပ်ငန်းတိုးချဲ့သွားဖို့ ရှိပါတယ်” ဟု လည်း ၎င်းက ပြောကြားသည်။

အာရှ ပစိဖိတ်ဒေသရှိ ကုန်လှောင်ရုံ ငှားရမ်းသူ ၇၈ ရာခိုင်နှုန်းနီးပါးက နေရာငှားရမ်းမှုများကို လာမည့် ၃ နှစ်အတွင်း တိုးချဲ့သွားရန် ရည်မှန်းထားကြောင်း CBRE ၏ အာရှ-ပစိဖိတ်ဆိုင်ရာ စစ်တမ်းတွင် ဖော်ပြထား သည်။

အိန္ဒိယတွင် အွန်လိုင်းမှ ဝယ်ယူရောင်းချမှုသည် ကိုဗစ် ကပ်ရောဂါ မဖြစ်ပွားမီကာလ ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်မတိုင်မီတွင် ၁၁ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးတက်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။

အိန္ဒိယ၏ Flipkart ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် လက်ရှိအချိန်၌ ၎င်းတို့တွင် ကုန်ပစ္စည်း ပို့ဆောင် ဖြန့်ဖြူးသည့်နေရာ ၁၂ နေရာ ရှိနေသော်ပြီး နောက်ထပ် ကုန်လှောင်ရုံ ၄ ရုံ ထပ်မံ တိုးချဲ့မည်ဟု ဖော်ပြထားရာ အကျယ်အဝန်း ၄၃ ရာခိုင်နှုန်း ပိုမိုသွားမည်ဖြစ်သ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly