လူငယ်များ ငြိမ်းချမ်းရေးနှင့် အစွန်းမရောက်ရေးအတွက် ဂျမူးနှင့် ကက်ရှ်မီးယားဒေသမှ မွတ်စလင်ဘာသာရေးခေါင်းဆောင်များ တိုက်တွန်း

လူငယ်များ ငြိမ်းချမ်းရေးနှင့် အစွန်းမရောက်ရေးအတွက် ဂျမူးနှင့် ကက်ရှ်မီးယားဒေသမှ မွတ်စလင်ဘာသာရေးခေါင်းဆောင်များ တိုက်တွန်း

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ မွတ်စလင်ဘာသာရေးခေါင်းဆောင်အများအသင်း ဥက္ကဌ ဟီလယ်အာမတ်လိုနေးက ကက်ရှ်မီးယားတောင်ကြား ဒေသမှ ကျောင်းသားများအနေဖြင့် ငြိမ်းချမ်းရေးနှင့် အစွန်းမရောက်ရေးတို့တွက် လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။

မွတ်စလင်ဗလီဆရာများနှင့် ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် အလုပ်လုပ်ကြရန်နှင့် လူငယ်များအား တရားမဝင်သော၊ နိုင်ငံတော်ကို ဆန့်ကျင်သော လုပ်ငန်းများတွင် မပါဝင် အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း ၎င်းက လမ်းညွှန်ပြောကြားခဲ့သည်။

ကုပါဝရာခရိုင် ဟန်ဝါရာမြို့ရှိ ကျောင်းသားများ ၃၀ ကျော် တက်ရောက်ခဲ့သည့် နိုဝင်ဘာ၅ ရက်က တွေ့ဆုံပွဲတွင် လိုနေးက လူငယ်များအနေဖြင့် လူငယ်များ လမ်းမှားမရောက်စေရန် ဘာသာရေးခေါင်းဆောင်များတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနှင့် အစွန်းမရောက်ရေးတို့တွင် ကျောင်းသားများက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် လိုနေးက မှာကြားခဲ့သလို ကွန်ပျူတာတစ်လုံးကိုလည်း ပေးအပ်လှူဒါန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly