သတင်းထောက် ဒန်နီကို စစ်ကောင်စီက ထောင် ၁၁နှစ် ချ၍ အမေရိကန်က ပြစ်တင်ရှုတ်ချ

သတင်းထောက် ဒန်နီကို စစ်ကောင်စီက ထောင် ၁၁နှစ် ချ၍ အမေရိကန်က ပြစ်တင်ရှုတ်ချ

နိုဝင်ဘာ ၁၃

အမေရိကန်နိုင်ငံသား Frontier Myanmar သတင်းဌာန၏ အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီ ဖန်စတာကို အာဏာသိမ်းစစ်ကောင်စီ၏ တရားရုံးက ထောင် ၁၁နှစ် ချမှတ်လိုက်ခြင်းအပေါ် အမေရိကန်နိုင်ငံက ပြစ်တင်ရှုတ်ချလိုက်သည်။

“အပြစ်မဲ့သူတစ်ဦးအား မမျှတသည် တရားစီရင်မှု” ဟု အဆိုပါ စီရင်ချက်နှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက ပြောဆိုသည်။

ဒန်နီ ဖန်စတာ၏ အခြေအနေကို အမေရိကန် တာဝန်ရှိသူများက အနီးကပ် စောင့်ကြည့်နေပြီး ၎င်း ချက်ချင်းလွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Danny ကို ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှုဥပဒေ၊ လ.ဝ.က ဥပဒေ သုံးခုဖြင့် နိုဝင်ဘာ ၁၃ရက်တွင် စစ်ကောင်စီက ထောင် ၁၁ နှစ် ချလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required