ရုရှား၏ S-400 SAM စနစ်များကို အသုံးပြု၍ တရုတ်က ဒုံးကျည်များ တီထွင်ထုတ်လုပ်ဖွယ်ရှိ

ရုရှား၏ S-400 SAM စနစ်များကို အသုံးပြု၍ တရုတ်က ဒုံးကျည်များ တီထွင်ထုတ်လုပ်ဖွယ်ရှိ

တရုတ်တွင် အားနည်းနေသည့် ဝေဟင်ပစ်ဒုံးကျည်နည်းပညာအတွက် ၂၀၁၈ခုနှစ်၌ ရုရှားထံမှ စတင် ရရှိခဲ့သော S-400 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် (SAM) စနစ်၏ အချက်အလက်များကို အသုံးပြုပြီး ဒုံးကျည် များ ကြိုးပမ်းထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ မကြာသေးမီက အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်က ၂၀၂၀ပြည့်နှစ်တွင် အသံထက်မြန်သည့် လျှောပျံယာဉ်တွင် ပထမဆုံးသော ဒုံးကျည်ကို တပ်ဆင်ခဲ့ပြီး အသံထက်မြန်သည့် ခရုဇ်ဒုံးပျံများတွင် အသုံးချနိုင်သည့် ယင်း၏ ဂျက်အင်ဂျင် တီထွင်မှုကို အဆင့်မြှင့်တင်ခဲ့ ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ၂၀၂၁ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားခဲ့သည်။

တရုတ်နိုင်ငံသည် ပြည်သူ့လွတ်မြောက်ရေးတပ်နှင့် တင်ပို့ရောင်းချရန်အတွက် ပဲထိန်းဒုံးကျည်များ၊ ခရုဇ်၊ ဝေဟင်မှ ဝေဟင်ပစ်နှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် လျက်ရှိသည်။

တရုတ်ရေတပ်က ၂၀၁၉ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည့် ယင်း၏ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား တွင် ပြသခဲ့သည့် ပဲ့ထိန်း ခရူဇာ ဒုံးကျည်အသစ်သည် တာဝေးပစ် မြေပြင်တိုက်ခိုက်ရေး ခရုဇ်ဒုံးကျည်များကို အသုံးပြုနိုင်သည်။

လွန်ခဲ့သည့် ၂ နှစ်အတွင်း တရုတ်က ဆားဘီးယားနိုင်ငံသို့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်ကို ပထမဆုံး ရောင်းချခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

၂၀၁၈ခုနှစ်က ကျို့ဟိုင်းမြို့၌ ပြုလုပ်ခဲ့သည့် လေကြောင်းပြပွဲတွင် ပြသခဲ့သည့် လှစ်ခနဲ့သာမြင်ရသည့် PL-15 အပြင် အသံထက်မြန်သည့် အင်ဂျင်သုံး ဝေဟင်မှ ဝေဟစ်ပစ် ဒုံးကျည်ကို တီထွင်ထုတ်လုပ်နေသည်။

တရုတ်လွတ်မြောက်ရေးတပ်မှ စီမံခန့်ခွဲသော အာကာသလုပ်ငန်းသည် ထောက်လှမ်းရေး၊ ခြေရာခံမှု၊ ကင်းထောက်မှု၊ လမ်းပြမှုနှင့် ဆက်သွယ်ရေးဂြိုဟ်များကို လျင်မြန်စွာ တိုးချဲ့နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တန်ချိန်အလိုက် သင်္ဘောထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ရေငုပ် သင်္ဘောများ၊ စစ်သင်္ဘောများ၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်းရေနှစ်သွယ်သုံးသင်္ဘောများအပါအဝင် ရေတပ် အမျိုးအစားအားလုံးအတွက် သင်္ဘောတည်ဆောက်မှုစွမ်းရည်ကို တိုးမြှင့်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly