စီချွမ်းပြည်နယ် ဘုန်းကြီးကျောင်းရှိ တိဗက်စာသင်ကျောင်း ဖြိုချခံရ

စီချွမ်းပြည်နယ် ဘုန်းကြီးကျောင်းရှိ တိဗက်စာသင်ကျောင်း ဖြိုချခံရ

တရုတ်အာဏာပိုင်များသည်ပြီးခဲ့သည့်လက အနောက်ပိုင်း စီချွမ်းပြည်နယ် ကာဇီစီရင်စုရှိ ဒရာဂို ဘုန်းတော်ကြီးကျောင်းနှင့်တွဲလျက်ရှိသော စာသင်ကျောင်းတစ်ကျောင်းအား မြေယာအသုံးချမှု ဥပဒေများကို ချိုးဖေါက်သည်ဟု စွပ်စွဲကာ တိဗက်စာသင်ကျောင်းမှ တာဝန်ရှိသူများကို အလျင်အမြန် ဖြိုချခိုင်းခဲ့သည်ဟု အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် နေထိုင်သည့် ဘုန်းတော်ကြီးတစ်ပါးက RFA သို့ ပြောသည်။

ဒရာဂိုဘုန်းတော်ကြီးကျောင်းမှ စီမံခန့်ခွဲသည့် Gaden Rabten Namgyaling စာသင်ကျောင်းကို ဒေသတွင်း တရုတ်အာဏာပိုင်များက အောက်တိုဘာလနှောင်းပိုင်းတွင် ရှုတ်ချမှု ပြုလုပ်ခဲ့ပြီး အဆိုပါ စာသင်ကျောင်း အား ၃ ရက်အတွင်း ဖြိုချရန် ဘုန်းတော်ကြီးကျောင်းမှ တာဝန်ရှိသူများကို အမိန့်ပေးခဲ့ကြောင်းနှင့် မလိုက်နာပါက အစိုးရအဖွဲ့မှ အဆောက်အအုံကို ဖျက်ဆီးကာ တည်ဆောက်ထားသည့်ပစ္စည်းများအပါအဝင် ကျောင်းပိုင်မြေကို သိမ်းယူမည်ဟု သတိပေးခဲ့ကြောင်း ဘုန်းတော်ကြီး ကယ်ဆန်နော်ဘူကပြောပြသည်။

ကျောင်းတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများသည် ကျောင်းကို အလျင်အမြန် ဖြိုဖျက်ရန် စုရုံးခဲ့ကြသည်ဟု ၎င်းက ပြောကြားသည်။

ဒေသတွင်းရင်းမြစ်များမှရရှိသော ကျောင်းဖြိုချသည့်ဗီဒီယိုနှင့် ဓာတ်ပုံများကို မျှဝေခဲ့သူ နော်ဘူက အဆိုပါအမိန့်သည် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထွက်ပေါ်လာခဲ့ပြီး ဒေသခံတိဗက် ကျောင်းသားများ တိဗက်ယဉ်ကျေးမှုနှင့် ဘာသာတရားဆိုင်ရာ ပညာရေးကို သင်ယူနေသည့် သင်ကြားရေးစင်တာကို ပစ်မှတ်ထားရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြေယာဥပဒေက ဒေသခံလူနေအဆောက်အအုံတွေအတွက်ပဲ အကျုံးဝင်ပါတယ်။ စာသင်ကျောင်းကို ဖြိုချတာက မလျော်ကန်တဲ့လုပ်ရပ်ပါ” ဟူ နော်ဘူကRFA သို့ပြောသည်။

ဒေသအတွင်း သတင်းအချက်အလက်မျှဝေခြင်းအပေါ် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသဖြင့် ကျောင်းသားများကို ဒရာဂိုကျောင်းဝင်းအတွင်းမှ ထွက်ခွာခိုင်းခြင်း ရှိ မရှိ အပါအဝင် ၎င်းတို့ အခြေအနေကို မသိရကြောင်း အိန္ဒိယတွင် နေထိုင်သည့် နော်ဘူက ပြောသည်။

ဘုန်းကြီးကျောင်း လက်အောက်ရှိ Gaden Rabten Namgyaling စာသင်ကျောင်းကို ၂၀၁၄မှ ၂၀၁၈ခုနှစ်အတွင်းတွင်ပြင်ဆင်မွမ်းမံခဲ့သည်ဟု ဆိုသည်။

“တရုတ်အစိုးရက ဒီ၄နှစ်အတွင်းမှာ အသက် ၁၈ နှစ်အောက် ဘုန်းတော်ကြီးအယောက် ၂၀ လောက်ကို နှင်ထုတ်ခဲ့တယ်” ဟု နော်ဘူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly