ပဲခူး လျှပ်စစ်ဓာတ်အားခွဲရုံနှင့် အုပ်ချုပ်ရေးမှူးရုံးများ တပြိုင်တည်းဗုံးပေါက်ခွဲ၊ လူ ၄ ဥိီး ဒဏ်ရာရဟု ပြောက်ကျားတပ်ဖွဲ့ပြော

ပဲခူး လျှပ်စစ်ဓာတ်အားခွဲရုံနှင့် အုပ်ချုပ်ရေးမှူးရုံးများ တပြိုင်တည်းဗုံးပေါက်ခွဲ၊ လူ ၄ ဥိီး ဒဏ်ရာရဟု ပြောက်ကျားတပ်ဖွဲ့ပြော

နိုဝင်ဘာ ၁၂

ပဲခူးမြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုနှင့် အုပ်ချုပ်ရေးမှူးရုံးတစ်ခုတို့တွင် ယနေ့ညနေက ဗုံးဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်းနှင့် ဝန်ထမ်းလေးဦးဒဏ်ရာရသွားကြောင်း ဒေသခံ ပြောက်ကျားတပ်ဖွဲ့က မဇ္ဈိမသို့ပြောသည်။

အမှတ် (၂) လျှပ်စစ်ခွဲရုံနှင့် မဟာမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဖောက်ခွဲမှုများပြုလုပ်ရာ လျှပ်စစ်ရုံးမှ ဝန်ထမ်းလေးဦး ထိခိုက်ဒဏ်ရာရသွားခဲ့သည်ဟု Bago Guerrilla Force(BGF) ကပြောသည်။

“ တပြိုင်တည်းဖောက်ခွဲတာပါ။ လျှပ်စစ်ရုံးမှာက ဝန်ထမ်းလေးယောက်ထိတယ်၊ နှစ်ယောက်က ပြင်းထန်တယ်။ အုပ်ကြီးရုံးမှာတော့ အထိအခိုက်မသိရသေးဘူးဗျ။ ဘာလို့လုပ်လဲဆိုတော့ ပြည်သူတွေကို အတင်းအကြပ် မီတာခဆောင်ခိုင်းတယ်၊ မီးဖြတ်တယ်။ အဲ့ဒါတွေကြောင့် အခုလိုလုပ်တာပါ”ဟု ပဲခူးပြောက်ကျား BGF မှ ပြောဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှု့များအပြီး စစ်တပ်မှ ရောက်ရှိလာကာ လမ်းများပိတ်ဆို့ရှာဖွေနေပြီး အရပ်ဝတ်ဖြင့် အိမ်စီးကားများအသုံးပြုကာ ရှာဖွေမှု့များပြုလုပ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly