လှိုင်သာယာ လူမိုက်ခင်စိန် သေနတ်ဖြင့် ပစ်သတ်ခံရ

လှိုင်သာယာ လူမိုက်ခင်စိန် သေနတ်ဖြင့် ပစ်သတ်ခံရ

နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အုန်းတော တံတားအဆင်း ရွေရည်အေး စျေးအကျော်တွင်လူမိုက် ခင်စိန်သည် နိုဝင်ဘာ ၁၂ရက်ညနေ၅နာရီကျော်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု မျက်မြင်တွေ့သူများက ပြောသည်။

“သူကကားနဲ့ အိမ်က ထွက်လာတုန်း အနောက်ကနေ သေနတ်နဲ့ လိုက်ပစ်တာတဲ့။ သူက သေနတ်ကို လက်နဲ့တောင် ကာလိုက်သေးတယ်” ဟု ၎င်းက ပြောသည်။

အသတ်ခံရသည့် လူမိုက်ခင်စိန်သည် လှိုင်သာယာ ရဲစခန်းနောက်ကျောတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး အသက်၅၀ဝန်းကျင်ခန့်လောက် ရှိသည်ဟု သိရသည်။

၎င်းသည် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူတစ်ဦးလည်း ဖြစ်ပြီး လှိုင်သာယာမီးခွက်စျေးကို အပိုင်စားရထားသည့် လူမိုက်တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

ဓာတ်ပုံ- HTY Information

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly