ကွမ်းခြံကုန်းမြို့နယ် တိုက်ပွဲရုပ်သံဖိုင်ကို တင်ကာ စစ်ကောင်စီကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ သတိပေး

11 November 2021
ကွမ်းခြံကုန်းမြို့နယ် တိုက်ပွဲရုပ်သံဖိုင်ကို တင်ကာ စစ်ကောင်စီကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ သတိပေး

နိုဝင်ဘာ ၁၁

ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအနီး နိုဝင်ဘာ ၅ရက်က ကင်းလှည့်သည့် စစ်ကောင်စီတပ်ကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့သည်။

ထိုနေ့တွင် ပစ်ခတ်သည့် ရုပ်သံဖိုင်ကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကာ ၎င်းတို့၏ “ပျံလွှားအောင်” စစ်ဆင်ရေး စီမံချက်ဖြင့် စစ်ကောင်စီအား တိုက်ခိုက်သွားမည့်အကြောင်း သတိပေးလိုက်သည်။

အင်္ဂလုံးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီကများက ပြန်လည်တိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးသွားသော်လည်း ထိုတိုက်ပွဲနောက်ပိုင်းတွင် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

"အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် ပစ်ခတ်မှု ဖြစ်ပွါးချိန်တွင် ပြန်လည်ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုရဲဘဲ၊ သူရဲဘောကြောင်စွာ ထွက်ပြေးတိမ်းရှောင်ကြပြီး နောက်ပိုင်းတွင်မှ အပြစ်မဲ့ အရပ်သားပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိပါသည်။ ယင်းသို့ အပြစ်မဲ့ အရပ်သားများကို ဦးတည်တိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်သောကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများအရ မလွဲမသွေ အရေးယူခံရမည် ဖြစ်သည်ကို အကြမ်းဖက်စစ်ကောင်စီတပ်သားများအား သိနားလည်စေလိုပါသည်။" ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း မပြုဘဲ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ လက်နက်ကိုင်ပြည်သူ့တော်လှန်ရေးတပ်သားများကိုသာ သတ္တိရှိရှိရင်ဆိုင်တိုက်ခိုက်ရန်လည်း စစ်ကောင်စီကို သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required