ပုန်းအောင်းနေသည့် စစ်သွေးကြွနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်လုံခြံုရေးတပ်ဖွဲ့က သတ်ဖြတ်

ပုန်းအောင်းနေသည့် စစ်သွေးကြွနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်လုံခြံုရေးတပ်ဖွဲ့က သတ်ဖြတ်

ဒါကာ၊ ဒီဇင်ဘာ ၂၈ ။             ။ ပိတ်ပင်ထားသည့် အစ္စလာမ္မစ်အုပ်စုတစ်ခုမှ အဖွဲ့ဝင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့တစ်ခုက ဒီဇင်ဘာ ၂၈တွင် သတ်ဖြတ်ခဲ့သည်ဟု ယင်းတပ်ဖွဲ့ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။ အကြမ်းဖက်မှုများစွာ၏ နောက်ကွယ်တွင် ရှိနေသည့် စစ်သွေးကြွများကို ရှာဖွေမှု အရှိန်မြင့်နေစဉ် နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှု တစ်ခုဖြစ်သည်။

မွတ်စလင်အများစုရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခုနှစ်တွင် တိုက်ခိုက်သတ်ဖြတ်မှုများစွာနှင့်အတူ စစ်သွေးကြွအကြမ်းဖက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ယခုနှစ် သတ်ဖြတ်မှုဖြစ်စဉ်များတွင် လစ်ဘရယ်တက်ကြွလှုပ်ရှားသူအချို့ကို သတ်ဖြတ်မှု၊ လူနည်းစု ရှီယိုက်မွတ်စလင်များ၊ ခရစ်ယာန်ဘုန်းတော်ကြီးနှင့် ဟိန္ဒူဘုရားကျောင်းများကို တိုက်ခိုက်မှုတို့ပါဝင်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၈ အစောပိုင်းက ဒါကာမြို့ဆင်ခြေဖုန်းရှိ စွန့်ပစ်ထားသော အိမ်တစ်လုံးကို စီးနင်းခဲ့ကြပြီါ် ယင်းအိမ်တွင် ပုန်းအောင်းနေသည့် Jamaat-ul-Mujahideen စစ်သွေးကြွအုပ်စုမှ အဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်ခဲ့ကြသည်ဟု သိရသည်။

"ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တုံပြန်ခဲ့ရတယ်"ဟု ပြောခွင့်ရအမျိုးသား မတ်ဖ်တီမာမွတ်ခန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ပစ္စတိုတစ်လက် ကျည်ဆန်အချို့နှင့် အတူဗုံးလုပ်ပစ္စည်းအများအပြားလည်း တွေ့ရှိခဲ့သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

နှစ်ဦးသေဆုံးစေခဲ့သည့် နိုင်ငံခြားသားသုံးဦးကို ပစ်ခတ်မှု၊ ရှီယိုက်ဗလီတစ်ခုကို ဗုံးခွဲမှုများအပါအဝင် မကြာသေးမီက တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ၎င်းစစ်သွေးကြွအဖွဲ့ ရှိသည်ဟု ယုံကြည်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly