ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေနှင့်အတူ အိန္ဒိယ၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ရမည်ဟု ဝန်ကြီးချုပ် မိုဒီက ဂျမူးနှင့် ကက်ရှ်မီးယားတွင် ပြောကြား

ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေနှင့်အတူ အိန္ဒိယ၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ရမည်ဟု ဝန်ကြီးချုပ် မိုဒီက ဂျမူးနှင့် ကက်ရှ်မီးယားတွင် ပြောကြား

ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေ၊ စစ်ပွဲပုံစံတို့နှင့် ကိုက်ညီမည့် စစ်ရေးစွမ်းရည်များကို အိန္ဒိယက မြှင့်တင်ရမည်ဟု ဝန်ကြီးချုပ် မိုဒီက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားလိုက်ပြီး တပ်ဖွဲ့များ အင်အားဖြည့်တင်းရေးနှင့် စေလွှတ်ရေးတို့အတွက် ခေတ်မီနယ်စပ်အခြေခံအဆောက်အအုံကိုလည်း တည်ဆောက်ထားကြောင်း အတည်ပြုပြောကြားလိုက်သည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ နယ်စပ်ခရိုင် ရာဂျိုရီရှိ နိုရှာရာနယ်မြေရှိ စစ်သားများအား ဒေဝါလီနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် မိုဒီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသတွင် စစ်ဆင်ရေး ဆင်နွှဲနေသည့် တပ်မဟာ၏ ဆောင်ရွက်ချက်များကိုလည်း ဝန်ကြီးချုပ်က ချီးမွမ်းခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အူရီဒေသရှိ စစ်စခန်းတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုအား တုံ့ပြန်သည့်အနေဖြင့် နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က အိန္ဒိယတပ်ဖွဲ့များသည် စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly