အိန္ဒိယက နာနိုမြေဩဇာ တန်ချိန် ၁၀၀ ကို သီရိလင်္ကာသို့ ပေးပို့

အိန္ဒိယက နာနိုမြေဩဇာ တန်ချိန် ၁၀၀ ကို သီရိလင်္ကာသို့ ပေးပို့

နာနိုနိုက်ထရိုဂျင် မြေဩဇာအရည် တန်ချိန် ၁၀၀ တင်ဆောင်လာသည့် အိန္ဒိယလေတပ် လေယာဉ် ၂ စင်းသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့သို့ နိုဝင်ဘာ ၄ ရက်က ဆင်းသက်ခဲ့သည်။

အဆိုပါ မြေဩဇာများကို လေကြောင်းမှတစ်ဆင့် အမြန်ဆုံးတင်ပို့ပေးရန် သီရိလင်္ကာအစိုးရ၏ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ပေးပို့ခြင်း ဖြစ်ကြောင်း သီရိလင်္ကာဆိုင်ရာ အိန္ဒိယကော်မရှင်နာအရာရှိက ၎င်း၏ တွစ်တာတွင် ရေးသားထားသည်။

သီရိလင်္ကာသမ္မတဂိုတာဘယာ ရာဇပက်ဆာက ဓာတုဓာတ်မြေဩဇာတင်သွင်းမှုများကို ရပ်တန့်ရန် မေလတွင် ဆုံးဖြတ်ခဲ့ပြီးနောက် နာနိုဓာတ်မြေဩဇာအရည်များကို တင်သွင်းလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ရပ်ဆိုင်းပြီးနောက် သီရိလင်္ကာတွင် ဓာတ်မြေဩဇာ လိုအပ်ချက် ပြဿနာပေါ်ပေါက်နေခြင်းကြောင့် အိန္ဒိယက ယခုကဲ့သို့ တင်ပို့ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly