ပြင်းထန်သည့် ဥပဒေကြောင့် သတင်းရင်းမြစ်များက သတင်းမပေးလိုတော့ကြောင်း ဟောင်ကောင်ရှိ နိုင်ငံခြား သတင်းထောက်များ ပြောကြား

ပြင်းထန်သည့် ဥပဒေကြောင့် သတင်းရင်းမြစ်များက သတင်းမပေးလိုတော့ကြောင်း ဟောင်ကောင်ရှိ နိုင်ငံခြား သတင်းထောက်များ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ(CCP)က ဟောင်ကောင်တွင် ပြင်းထန်သည့် အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ခြင်းကြောင့် သတင်းရင်းမြစ်များက သတင်းမပေးလိုတော့ကြောင်း ဟောင်ကောင်တွင် လုပ်ကိုင်နေသည့် နိုင်ငံခြား သတင်းထောက်များက ပြောကြားသည်။

နိုင်ငံခြား သတင်းထောက်များအသင်း (FCC) မှ ကောက်ယူသော စစ်တမ်းတစ်ခုတွင် ဖြေဆိုသူ ၈၀ ရာခိုင်နှုန်း ကျော်က CCP မှ ဥပဒေပြဌာန်းပြီးနောက်ပိုင်း သတင်းထောက်များ လုပ်ရကိုင်ရခက်လာခဲ့သည်ဟု Radio Free Asia မှ ဖော်ပြခဲ့သည်။

ဟောင်ကောင်ကို ထောက်ခံသည့် စကားလုံးများနှင့် လုပ်ရပ်များကိုလည်း ဥပဒေက တားမြစ်ထားသည်။

“ရလဒ်အနေဖြင့် မီဒီယာများနှင့် ပတ်သက်ပြီး မသေချာမရေရာမှုတွေ ပျံ့နှံ့နေပြီး ၂၀၂၀ပြည့်နှစ် ဇွန်လမှာ အမျိုး သားလုံခြုံရေးဥပဒေကို အကောင်အထည်ဖော်ပြီးကတည်းက သတင်းဖော်ပြခွင့်မရှိသလို သတင်း လွတ်လပ်ခွင့် ယိုယွင်းလာမှာကိုလည်း စိုးရိမ်ကြောင်း FCC က ဝက်ဘ်ဆိုက်ပေါ်တွင် တင်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဖြေဆိုသူ ၉၉ ရာခိုင်နှုန်းတွင် ၈၆ ရာခိုင်နှုန်းက သတင်းရင်းမြစ်များသည် ထိလွယ်ရှလွယ်သော အကြောင်းအရာများကို ပြောဆိုလိုစိတ်နည်းပါးသည်ဟု ဖြေဆိုကြပြီး ၁၄ ရာခိုင်နှုန်းက အပြောင်းအလဲမရှိဟု ဆိုသည်။

"သတင်းရင်းမြစ်အများအပြားသည် ယခု ထောင်ထဲတွင် ရှိနေသည်" ဟု FCC မှ ဖြေကြားသူများ၏ ပြောကြားချက်ကို Radio Free Asia မှ ကိုးကားဖော်ပြခဲ့သည်။

“အချို့က ပြည်ပကို ထွက်ပြေးသွားကြသည်။ အချို့က နိုင်ငံခြားသတင်းထောက်တစ်ယောက်နှင့် စကား ပြောဆိုပါက အမျိုးသားလုံခြုံရေးဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်သဖြင့် နိုင်ငံခြားမီဒီယာများကို မှတ်ချက်ပေးရန် ငြင်းဆိုကြသည်”

ဟောင်ကောင်ကို အုံကြွစေသည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို တုံ့ပြန်သည့် အနေဖြင့် တရုတ်အစိုးရက ယင်းဥပဒေကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly