၀န်ကြီးချုပ်နာဂျစ်အား စင်ကာပူဒေါ်လာသန်း ၈၅၀ လှူဒါန်းသူကို ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဖော်ထုတ်မည်မဟုတ်

၀န်ကြီးချုပ်နာဂျစ်အား စင်ကာပူဒေါ်လာသန်း ၈၅၀ လှူဒါန်းသူကို ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဖော်ထုတ်မည်မဟုတ်

ပီတာလင်ဂျာယာ၊ ဒီဇင်ဘာ ၂၈ ။               ။ ဝန်ကြီးချုပ် ဒါတွတ်ဆရီနာဂျစ်ထွန်းရာဇတ်၏ ကိုယ်ရေးဘဏ်စာရင်းထဲသို့ စင်ကာပူဒေါ်လာ သန်း၈၅၀ထည့်ပေးသူ မည်သူဆိုသည်ကို ဖော်ထုတ်ရေးမှာ ဥပဒေအရ တားမြစ်ထားသောကြောင့် မလေးရှားခြစားမှုတိုက်ဖျက်ရေးကော်မရှင်(MACC) က ဖော်ထုတ်မည်မဟုတ်ကြောင်း သိရသည်။

"ဥပဒေနဲ့ မဆန့်ကျင်ဘူးဆိုရင် စုံစမ်းစစ်ဆေးမှုအသေးစိတ်ကို ထုတ်ဖော်ဖို့ MACC မှာပြသနာမရှိပါဘူး"ဟု MACC မှ အထူးစစ်ဆင်ရေးညွှန်ကြားရေးမှူး ဒါတွတ်ဘာရီမိုဟာမက်ဇင်က ဒီဇင်ဘာ၂၇ က ကြေညာချက်တစ်ခုတွင် ပြောကြာခဲ့သည်။

သို့သော်လည်း MACC Act 2009 ဥပဒေအရ တည်ဆဲပြဋ္ဌာန်းချက်များက အမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား ပြည်သူသို့ ထုတ်ပြန်ခြင်းအား ကော်မရှင်ကို တားမြစ်ထားသည်ဟု ၎င်းကပြောသည်။

၎င်း၏ပြောကြားချက်မှာ ယခင်ရှေ့နေချုပ် တန်ဆရီအဘူတာလစ်အော့သ်မန်၏ ပြောကြားချက်များနှင့် အညီဖြစ်နေပြီး ရှေ့နေချုပ်ဟောင်းကလည်း အမှုအား တရားရုံးသို့တင်ရန်အထိ MACC တွင် အခွင့်အာဏာမရှိဟု ဒီဇင်ဘာ ၂၇က ၎င်း၏ဘလော့ဂ်တွင် ရေးသားခဲ့သည်။

ဝန်ကြီးချုပ်၏ ကိုယ်ရေးဘဏ်စာရင်းထဲသို့ ငွေများထည့်ကာ လှူတမ်းသူများအား ဖော်ထုတ်ပေးရန် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရာဖီဇီရမ်မလီက တောင်းဆိုပြီးနောက် MACC ကထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

ဥပဒေပြုအမတ်တစ်ဦးဖြစ်နေသည့် ရာဖီဇီအနေဖြင့် MACC အပေါ်ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်များကို နားလည်သင့်ပြီး အကယ်၍ စစ်ဆေးတွေ့ရှိချက်များကို ပြည်သူသို့ တင်ပြပေးစေလိုပါက MACC အားခွင့်ပြုရန် လိုအပ်သည့်ဥပဒေပြင်ဆင်ချက်များ အဆိုပြုသင့်သည်ဟုလည်း ဘာရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly