ဥပဒေ အထောက်အကူပြုကွန်ယက် (မြောက်ဦးခရိုင်)မှ ကျေးလက်များတွင် ဥပဒေပညာပေးရေးများပြုလုပ်

ဥပဒေ အထောက်အကူပြုကွန်ယက် (မြောက်ဦးခရိုင်)မှ ကျေးလက်များတွင် ဥပဒေပညာပေးရေးများပြုလုပ်

စစ်တွေ၊ ဒီဇင်ဘာ ၂၈ ။       ။ မြောက်ဦးခရိုင်အတွင်း လူမှုအဖွဲ့အစည်းများ မသွားရောက်နိုင်သော ကျေးလက်ဒေသများတွင် ဥပေဒအထောက်အကူပြုကွန်ယက် (မြောက်ဦးခရိုင်)မှ လယ်ယာကိစ္စများနှင့် ပတ်သက်၍ တောင်သူလယ်သမားတို့ သိသင့်သိထိုက်သည့် ဥပဒေရေးဆိုင်ရာ ပညာပေးရေးများကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

တောင်သူလယ်သမားများ၏ ဥပဒေအရေးကို နားမလည်သောကြောင့် တာဝန်ရှိသူ များလာသည့်အခါ မည်ကဲ့သို့တင်ပြရမည်၊ ပုံစံ (၇) ကိုကား မည်ကဲ့သို့တင်ရမည်၊ ပြဿနာဖြစ်လျှင် မည်ကဲ့သို့ဖြေရှင်းရမည် စသည်တို့အား မသိသောကြောင့် အခက်တွေ့နေကြကြောင်း ဥပဒေအထောက်အကူပြုကွန်ယက်မှ Program Manager ကပြောသည်။

“ ဥပဒေအရ တောင်သူလယ်သမားတွေမှာ ဘယ်လိုအခွင့်အရေးရှိတယ်။ အဲ့ဒီအခွင့်အရေးအပေါ်မှာကော ဘယ်လိုတောင်းဆိုသွားကြဆိုတာတွေကို ကျနော်တို့က ပြောပြသွားပါတယ်။ ပြီးတော့ ကျနော် တို့က ရွာတွေမှာ လယ်ယာမြေကော်မတီတွေကို ဖွဲ့စည်းပေးခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီမှာ အဲ့ဒီရွာတွေကိုသွားပြီး သုံးလသင်တန်းတွေ ပေးသွားပါမယ်။ အခုလည်း ၁ ရက်သင်တန်းတွေ ပေးနေ ပါတယ်”  ဟု Program Manager ဦးကျော်ထွီးက ပြေကြားသည်။

ဥပဒေအထောက်အကူပြုကွန်ယက်(မြောက်ဦးခရိုင်) ကို ရှေ့နေ (၃) ဦး၊ လူ (၂) ဦးဖြင့် ၂၀၁၄ နှစ်ကုန်ပိုင်းလောက်တွင် ဥဒေအသိပညာပေး ပြည်သူကြားထဲမြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly