နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကချင် လူငယ်နှစ်ဦး လက်ထပ်ထိမ်းမြား

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကချင် လူငယ်နှစ်ဦး လက်ထပ်ထိမ်းမြား

နိုဝင်ဘာ ၁၁

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကချင်လူငယ် နှစ်ဦးဖြစ်သည့် ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန်တို့သည် ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက်ခင်းတွင် လက်ထပ်ထိမ်းမြားလိုက်ပြီ ဖြစ်သည်။

မြစ်ကြီးနားမြို့ ၊ အင်ဂျန်ဒုံ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် ခရစ်ယာန် ထုံးတမ်းစဉ်လာနှင့် အညီ လက်ထပ် ထိမ်းမြားခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့ကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မေလ ၂၁ ရက်နေ့တွင် ကားဖြင့် တိုက်ဖမ်းပြီး တရားစွဲဆိုခဲ့သည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် အတူ မြစ်ကြီးနား အကျဥ်းထောင်မှ ပြန်လည် လွတ်‌မြောက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required