ရန်ကုန်လူငယ်များ၏ "သွေးစွန်းပညာ​ရေးအားမ​ပေးအဆုံးထိ​တော်လှန်​ပေး" သပိတ်

ရန်ကုန်လူငယ်များ၏ "သွေးစွန်းပညာ​ရေးအားမ​ပေးအဆုံးထိ​တော်လှန်​ပေး" သပိတ်

"သွေးစွန်းပညာ​ရေးအားမ​ပေးအဆုံးထိ​တော်လှန်​ပေး" ခေါင်းစဉ်ဖြင့် ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည်။

ထိုသပိတ်တွင် LGBT သပိတ်စစ်ကြောင်း၊ ကြည့်မြင်တိုင် သပိတ်စစ်ကြာင်း၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းတို့မှ ဦးဆောင်ကာ ချီတက်ဆန္ဒပြခြင်း ဖြစ်သည်။

ပြည်သူလူထုထံ လှုံ့ဆော်သည့်မိန့်ခွန်းတွင် "ခေတ်အဆက်ဆက်မှာ ကျွန်တော်တို့​ ​ကျောင်းသားပြည်သူ​တွေဟာ အသက်​တွေ​သွေး​တွေ​ပေးဆပ်ပြီး အာဏာရှင်ကို​တော်လှန်ခဲ့တယ်။

ဒီလို အသက်​ပေးထားပြီး သွေးနဲ့လမ်းခင်းထားကြတဲ့ ​ကျောင်းသား ပြည်သူ ရဲ​ဘော်​တွေအ​ပေါ်သစ္စာရှိခြင်းအားဖြင့် ကျ​နော်တို့ ဟာ ကျောင်းမတက်ခြင်း အခွန်မ​ဆောင်ခြင်း ဘူးသပိတ် ပြုလုပ်ခြင်းဖြင့် စစ်​​ကောင်စီကို ကျွန်တော်တို့​အောင်ပွဲအဆုံးထိ​တော်လှန်ဖို့လိုပါတယ်" ဟုဆိုကာ စစ်ကျွန်ပညာရေးကိုအားမပေးဖို့ လှုံ့ဆော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly