အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ရာသီဥတုကြောင့် ထိခိုက်မှုကြုံခဲ့ရသည့် သစ်သီးခြံပိုင်ရှင်များကို အစိုးရက ကူညီပံ့ပိုးမည်

By Indiablooms
10 November 2021
အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ရာသီဥတုကြောင့် ထိခိုက်မှုကြုံခဲ့ရသည့် သစ်သီးခြံပိုင်ရှင်များကို အစိုးရက ကူညီပံ့ပိုးမည်

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ၊ ကက်ရှ်မီးယားတောင်ကြားနယ်မြေတွင် အချိန်မတိုင်မီ ဆီးနှင်းကျမှုကြောင့် သစ်သီးခြံလုပ်ငန်းရှင်များ ထိခိုက်ခဲ့ရသည့် ဆုံးရှုံးမှုများကို အကဲဖြတ်တွက်ချက်ရန် ပြည်ထောင်စုနယ်မြေအာဏာပိုင်တို့က သစ်သီးဝလံပန်းမန်ဌာနကို ညွှန်ကြားထားခဲ့သည်။

အချိန်မတိုင်မီ ဆီးနှင်းကျမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး အကဲဖြတ်မှု လုပ်ရန် ပြည်ထောင်စုနယ်မြေအကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် ဖာရု အာမက်ဒ် ခန်းထံမှ လမ်းညွှန်ချက်များ ရှိထားကြောင်း သစ်သီးဝလံပန်းမန်ဌာန ညွှန်ကြားရေးမှူးချုပ် အီဂျက်ဇ် အာမက်ဒ် ဘတ်က ထုတ်ပြန်သည်။

"မြေပြင်တာဝန်ကျအမှုထမ်းတွေကို ဒီလမ်းညွှန်ချက်တွေအတိုင်း လိုက်နာဖို့နဲ့ သက်မှတ်အချိန်အတွင်း အစီရင်ခံတင်ပြဖို့ ကျွန်တော်တို့ ထပ်ဆင့် လမ်းညွှန်ထားပါတယ်" ဟု ၎င်းက ပြောသည်။

ထိခိုက်ခံစားနေကြရသည့် သစ်သီးခြံလုပ်ငန်းလုပ်ကိုင်သူများကို စာနာထောက်ထားကြောင်းနှင့် ၎င်းတို့ကို တတ်နိုင်သမျှ အကူအညီအားလုံးပေးမည်ဟု အာမခံကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly