ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဌာနကို ခေတ်မီဆေးကိရိယာများဖြင့် အဆင့်မြှင့်တင်

ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဌာနကို ခေတ်မီဆေးကိရိယာများဖြင့် အဆင့်မြှင့်တင်

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေရှိ ဘာရာမူလာခရိုင်မှ ဘွန်နီရာအူရီ မြို့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုဌာနအား ဒေသခံများက နှစ်ပေါင်းများစွာကပင် တောင်းဆိုနေခဲ့သည့် အဆင့်မြင့်နည်းပညာသုံး ဆေးကုသရေး ကိရိယာများတင်ဆင်ကာ အဆင့်မြှင့်တင်လိုက်သည်။

ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံတွင် တပ်ဆင်လိုက်သည့် အဆင့်မြင့် နည်းပညာသုံး စက်သစ်ကြီးများတွင် အရေးပေါ်ခန်း၊ အိတ်စ်ရေးစက်နှင့် အခြားအရေးကြီးသည့် ပစ္စည်းများ ပါဝင်သည်။ အဆိုပါ ဆေးရုံ၏ ဆေးကုသရေးဆိုင်ရာ အရာရှိ ဒေါက်တာ ပါဗက်ဇ် မာဆိုဒီက “အရင်တုန်းက မရှိခဲ့တဲ့ အရေးပေါ် ကုသခန်းရှိလာပါပြီ။ နှလုံးစောင့်ကြည့်စက်၊ နှလုံးနှိုးစက်၊ အောက်စီဂျင်သွင်းစက်နဲ့ အရေးပေါ် ဆေးဝါးတွေကို အစိုးရက ပေးထားပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အဆင့်မြင့် နည်းပညာသုံး ဆေးကိရိယာများ တပ်ဆင်ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း မာဆိုဒီက ပြောကြား၍ ဆေးရုံတွင် နှလုံးရောဂါလူနာများကို ကုသပေးကြောင်းလည်း ၎င်းက ပြောကြားသည်။

ဒေသခံတစ်ဦးဖြစ်သူ အဗ္ဗဒူခါလစ်က “ဒီမှာ ပစ္စည်းအစုံရှိနေပါပြီ။ ဆေးဆိုင်သစ်ကိုလည်း ဖွင့်ထားပါတယ်။ ဒီလိုဆောင်ရွက် ပေးတဲ့အတွက်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။

ဘွန်နီရာဆေးရုံအကြီး ဂူလမ်နက်ဘီ ကလည်း “လူနာတွေကို အခြားဆေးရုံကို ညွှန်းစရာမလိုတော့ပါဘူး။ လိုတာတွေအကုန်လုံး ဒီမှာရနေပါပြီ” ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly