ရာသီဥတု ထိန်းသိမ်းရေးအတွက် အိန္ဒိယက ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၅၀၀ ဂဂ္ဂါဝပ်ကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ထုတ်လုပ်ရန် ရည်မှန်းထား

ရာသီဥတု ထိန်းသိမ်းရေးအတွက် အိန္ဒိယက ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၅၀၀ ဂဂ္ဂါဝပ်ကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ထုတ်လုပ်ရန် ရည်မှန်းထား

အိန္ဒိယက ၂၀၃၀ ပြည့်နှစ်မတိုင်မီ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၅၀၀ ဂဂ္ဂါဝပ်ကို ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ၏ ရည်မှန်းချက်များအတွက် ကြီးမားသည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း နိုင်ငံခြားရေးအတွင်းဝန်ဟာ့ရှ်ဗာဓန်က နိုဝင်ဘာ ၂ ရက်တွင် စကော့တလန်နို်ငငံ ဂလက်စဂိုးမြို့တွင် ကျင်းပသည့် ၂၆ ကြိမ်မြောက်အဖွဲ့ဝင်နိုင်ငံများ၏ ညီလာခံ ( COP26) တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ စွမ်းအင်လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များမှ ထုတ်လုပ် သွားမည်ဟု ဝန်ကြီးချုပ် မိုဒီကလည်း COP26 တွင် ကြေညာခဲ့သည်။

“ပါရီဆွးနွေးပွဲမှာတုန်းက အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအားလိုအပ်ချက်ရဲ့ ၄၀ ရာခိုင်နှုန်းကို တွင်းထွက်လောင်စာမဟုတ်တဲ့ ရင်းမြစ်တွေကနေ ထုတ်လုပ်ဖို့ ကတိပြုခဲ့ပေမယ့် ဝန်ကြီးချုပ်က ၂၀၃၀

ပြည့်နှစ် မတိုင်မီမှာ ၅၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ဖို့ ကြေညာခဲ့ပါတယ်” ဟု နို်ငငံခြားရေးအတွင်းဝန်က ပြောကြားသည်။

အိန္ဒိယတွင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ထုတ်လွှတ်မှုကို လက်ရှိထက် ၁ ဘီလျံတန် အထိ လျှော့ချသွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယခုပြုလုပ်ခဲ့သည့် COP26 ထိပ်သီညီလာခံသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်မှ နိုင်ငံအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly