ပဋိပက္ခစိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်အနီး တရုတ် စစ်လေယာဉ်များ စံချိန်တင် ကျူးကျော် ဝင်ရောက်

ပဋိပက္ခစိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်အနီး တရုတ် စစ်လေယာဉ်များ စံချိန်တင် ကျူးကျော် ဝင်ရောက်

တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်အား ရန်လိုသောဗျူဟာကို တိုးမြှင့်ဆောင်ရွက်နေသလို ထိုင်ဝမ်အနီး တွင် တရုတ်က စံချိန်တင်စစ်ရေးပျံသန်းမှု ပြုလုပ်ခဲ့သည်။

လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (AIDZ) အတွင်းသို့ အောက်တိုဘာလတွင် ပျံသန်းမှု ၁၉၆ကြိမ်ကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံခဲ့သည်။

စက်တင်ဘာလက စံချိန်ခဲ့သည့် ၁၁၉ ကြိမ်ထက် အောက်တိုဘာလအတွင်း ကျူးကျော်ဝင်ရောက်မှု သည် ၂ဆနီးပါး မြင့်တက်လာသည်။

ထိုင်ဝမ်ကို နိုင်ငံရေးအရ ဖိအားပေးရန် တရုတ်အစိုးရက ၎င်း၏ စစ်လေယာဉ်များကျူးကျော်မှုကို ဆက်လက် ပြုလုပ်နေပြီသလို သမ္မတရှီကလည်း ထိုင်ဝမ်ကို ထိန်းချုပ်ရခက်သော တရုတ်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။

စက်တင်ဘာလက ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူခိုချန်က နှစ်ပေါင်း ၄၀ ကျော်အတွင်း အရေးကြီးဆုံး အခြေအနေအဖြစ် ဖော်ပြခဲ့ပြီး စစ်အသုံးစရိတ်ပိုမိုပေးရန် တောင်းဆိုခဲ့သည်။

၇၂ကြိမ်မြောက် အမျိုးသားနေ့ အခမ်းအနားပြုလုပ်သည့် အောက်တိုဘာလအစတွင် တရုတ်စစ်လေယာဉ်များ ကျူးကျော်ဝင်ရောက်ခဲ့ပြီး လေယာဉ်လှုပ်ရှားမှုများကို မှတ်တမ်းတင်သည့် စည်းမျဉ်းမသတ်မှတ်ထားသည့် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (AIDZ) အတွင်းသို့ တရုတ်လွတ်မြောက်ရေးတပ်မှ စစ်လေယာဉ်အမြောက်အမြား ကျူးကျော်ဝင်ရောက်ခဲ့ကြသည်။

ထိုင်ဝမ်ကျွန်း၏ အနောက်တောင်ဘက် မိုင် ၁၀ဝ မှ မိုင် ၁၅၀ ခန့်အကွာရှိ နိုင်ငံတကာလေပိုင်နက် အတွင်း တွင်သာ ယင်း၏ လှုပ်ရှားမှုအများစုကို ပြုလုပ်ခြင်းဖြစ်ကြောင်း တရုတ်က ဆိုသည်။

အမေရိကန်ကို ထိုးနှက်သည့်အနေဖြင့် တရုတ်အရာရှိများက “ထိုင်ဝမ်လွတ်လပ်ရေး” နှင့် “ပြည်ပအင် အားစုများ” ကို ပစ်မှတ်ထားရန် ရည်ရွယ်ထားကြောင်း တရုတ်အရာရှိများက ငြင်းချက်ထုတ်ထားသည်။

ယခုသီတင်းပတ်တွင် ထုတ်ပြန်လိုက်သည့် ပင်တဂွန်၏ အစီရင်ခံစာသစ်တွင် ထိုင်ဝမ်ကို ထိန်းချုပ်ထားသည့် တရုတ်နှင့် ပတ်သက်သည့် စိုးရိမ်မှုကို အသစ်တဖန် ပြန်လည်ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly