မင်းတပ်CDF တိုက်လေယာဉ်အသုံးပြုတိုက်ခိုက်ခံရဆိုသည်မှာ သတင်းအမှားသာဖြစ်

မင်းတပ်CDF တိုက်လေယာဉ်အသုံးပြုတိုက်ခိုက်ခံရဆိုသည်မှာ သတင်းအမှားသာဖြစ်

နိုဝင်ဘာ ၈

မင်းတပ် CDF အား တိုက်လေယာဉ်များအသုံးပြုပြီး စစ်ကောင်စီတပ်မှ တိုက်ခိုက်နေတယ်လို့ သတင်းများ မနေ့ညက စတင်လို့ပြန့်နှံ့နေပါတယ်။

Tam Kee ဆိုသည့် ဖေ့ဘုတ်စ်အကောင့်မှ အဆိုပါအကြောင်းအရာကို စတင်ဖြန့်ဝေခဲ့တာ တွေ့ရပြီး လူပေါင်းထောင်ချီ ပြန်လည်မျှဝေမှုရှိခဲ့သည်။

မဇ္ဈိမ သတင်းမှားတိုက်ဖျက်သူများအနေဖြင့် လက်ရှိပြန့်နှံ့နေသည့်သတင်းနှင့်ပက်သက်ပြီး မင်းတပ် CDF တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာမှာ မင်းတပ် CDF အား တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံရသည်မှာ သတင်းမှားဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ " မနေ့ကရော ဒီနေ့ရော လေယာဉ်ပျံဝဲမှုတွေရှိပါတယ်၊ တိုက်လေယာဉ်တော့ ဟုတ်ဟန်မတူပါဖူး၊ ထောက်ပို့လေယာဉ် ဒါမှမဟုတ် ကင်းထောက်တဲ့ အနေနဲ့ ဝဲတဲ့ပုံပါ ဆိုပြီး ပြန်လည်ဖြေကြားခဲ့သည်။

ထို့ကြောင့် လက်ရှိပြန့်နှံ့နေသည့် မင်းတပ် CDF အားတိုက်လေယာဉ်ဖြင့်တိုက်ခိုက်ခြင်းခံရသည် ဆိုသည်မှာ သတင်းအမှား ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly