မြောက်ကိုရီးယား၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ရန် တောင်ကိုရီးယားတွင် ကုလသမဂ္ဂက ရုံးဖွင့်

မြောက်ကိုရီးယား၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ရန် တောင်ကိုရီးယားတွင် ကုလသမဂ္ဂက ရုံးဖွင့်

မြောက်ကိုရီးယားနိုင်ငံအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်အလွဲသုံးစားလုပ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နိုင်ရန်အတွက် ကုလသမဂ္ဂက တောင်ကိုရီးယား ဆိုးလ်မြို့တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံးကို ဖွင့်လှစ်ခဲ့သည်။

ကင်ဂျုံးအွန်အုပ်ချုပ်မှုအောက်တွင် မြောက်ကိုရီးယားနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများက ”လက်ရှိကမ္ဘာနှင့် ဖီလာဆန့် ကျင်နေကြောင်း” ပြောဆိုလျက် ယင်းသို့လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်သွားရေးအတွက် ကုလသမဂ္ဂက ကင်ဂျုံးအွန် အစိုးရကို ပိုမိုဖိအားပေးနိုင်ရေးအတွက် ကြိုးပမ်းနေလျက်ရှိသည်။

အင်န်ဂျီအိုအဖွဲ့ဖြစ်သည့် လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဖီလ်ရောဘတ်ဆန်က ဆိုးလ်တွင် ရုံးဖွင့်လှစ်ခြင်းသည် မြောက်ကို ရီးယားခေါင်းဆောင်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ရေးအတွက် အလွန်အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်းပြော သည်။

”ခုလိုလူ့အခွင့်အရေးစောင့်ကြည့်ရေးရုံးကို ဆိုးလ်မှာဖွင့်လှစ်လိုက်ခြင်းက ကင်ဂျုံးအွန်အတွက် ခြောက်ခြားစရာဖြစ် မှာပါပဲ။” ဟု ရောဘတ်ဆန်ကပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဦးရေ ၁၂၀၀၀၀ ကျော်ကို ထောင်အကျဉ်းချထားကြောင်း ပြီးခဲ့သည့် နှစ်က ကုလသမဂ္ဂအစီရင်ခံစာထွက်ပေါ်ပြီးနောက် နိုင်ငံတကာက မြောက်ကိုရီးယားအပေါ် ပိုမိုဖိအားများပေးလာခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအား လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် နိုင်ငံတကာရာဇဝတ်ရုံးတင်ရန် ကုလသမဂ္ဂအထွေထွေညီလာခံက ကြားနာခဲ့သော်လည်း ဆုံးဖြတ်ချက်ချရန်အတွက် လုံခြုံရေးကောင်စီတွင် ကြန့်ကြာနေလျက်ရှိသည်။ မြောက်ကိုရီးယား၏ မဟာ မိတ်များဖြစ်သည့် တရုတ်နှင့် ရုရှတို့က ဗီတိုအာဏာသုံး၍ ပယ်ချနိုင်တာကြောင့် နိုင်ငံတကာခုံရုံးတင်ရန် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီတွင် ချလိုက်နိုင်မည်မဟုတ်ပေ။

ဆိုးလ်မြို့တွင် ဖွင့်လှစ်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံးက တရားရေးအရ အရေးယူနိုင်ရေးအတွက်  မြောက်ကိုရီး ယားနိုင်ငံတွင်းက အလွဲသုံးစားလုပ်မှု၊ ရက်စက်မှုများကို မှတ်တမ်းတင်သွားမည်ဖြစ်သည်။

Ref: VOA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly