၂၀၂၀ ရွေးကောက်ပွဲ နှစ်ပတ်လည်ပြီ

၂၀၂၀ ရွေးကောက်ပွဲ နှစ်ပတ်လည်ပြီ

နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးသည် ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နှစ်ပတ်လည်ခဲ့ပြီ ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့၌သာ အာဏာမသိမ်းခဲ့လျှင် လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အစိုးရတစ်ရပ် အနေဖြင့် ဧပြီလမှ စတင်ကာ နိုင်ငံကိုဆက်လက် အုပ်ချုပ်နိုင်မည် ဖြစ်သည်။ သို့သော်ငြား ယခုတွင်မူ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ အသည်းကြားက မဲတစ်ပြားသည် သဲထဲရေသွန် ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ "ရွေးကောက်ပွဲသည် ရတက်ပွားစရာ အချို့ ရှိခဲ့သော်လည်း အများက ယုံကြည်လက်ခံပြီး ဒီမိုကရေစီ လိုလားသည့် မြန်မာပြည်သူလူထု သန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုခဲ့သည်ဟု လွတ်လပ်၍ အမှီအခိုကင်းသော လေ့လာ စောင့်ကြည့်သူများက အစီရင်ခံခဲ့ကြသည် "ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ နှစ်ပတ်လည်နေ့တွင် သုံးသပ် ရေးသားထားသည်။

ယင်းအပြင် စစ်တပ်၏ ဖိနှိပ်ချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး တိုးမြှင့်လုပ်ဆောင်သွားရန် အမေရိကန် ပြည်ထောင်စုက ကတိကဝတ် ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly