ပိုမိုပြည့်စုံသော မဟာဗျူဟာ မိတ်ဖက်ဖွဲ့စည်းရေးအတွက် အိန္ဒိယနှင့် ဗီယက်နမ်တို့ ထပ်မံအတည်ပြု

ပိုမိုပြည့်စုံသော မဟာဗျူဟာ မိတ်ဖက်ဖွဲ့စည်းရေးအတွက် အိန္ဒိယနှင့် ဗီယက်နမ်တို့ ထပ်မံအတည်ပြု

စကော့တလန်နိုင်ငံ၊ ဂလက်စဂိုးမြို့တွင် ကျင်းပသည့် COP26 ဆွေးနွေးပွဲ၏ သီးခြားအစည်းအဝေးများ အစီအစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်းတို့ တွေ့ဆုံခဲ့ကြကြောင်း ဟနွိုင်းမြို့ရှိ အိန္ဒိယသံရုံးက နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဝန်ကြီးချုပ် မိုဒီသည် ၅ ရက်ကြာ ပြည်ပခရီးစဉ်အတွင်း ရောမ၊ အီတလီနှင့် ဗြိတိန်နိုင်ငံ ဂလက်စဂိုးမြို့များသို့ ရောက်ရှိခဲ့ကာ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဝန်ကြီးချုပ် မိုဒီက ဂလက်စဂိုးမြို့ရှိ COP26 ဆွေးနွေးပွဲတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အစီအစဉ်ကို

အကောင်အထည်ဖော်မည်ဟု ထုတ်ပြန်ခဲ့သလို G20 ထိပ်သီးဆွေးနွေးပွဲ၌လည်း ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ၌ အိန္ဒိယ၏ ရပ်တည်ချက် အစီအစဉ်ကို ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်သည် ၎င်း၏ ခရီးစဉ်အတွင်း G20 ထိပ်သီးဆွေးနွေးပွဲ၏ သီးခြားအစီအစဉ်တွင် ဂျာမန်ဝန်ကြီးချုပ်၊ စပိန်ဝန်ကြီးချုပ်၊ အီတလီဝန်ကြီးချုပ်၊ ပုပ်ရဟန်းမင်းကြီး၊ ၊ဥရောပကောင်စီ ဥက္ကဌ ၊ ဥရောပကော်မရှင် ဥက္ကဌတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ရောမြို့တွင် အင်ဒိုနီးရှားသမ္မတ၊ စင်ကာပူဝန်ကြီးချုပ်၊ ပြင်သစ်သမ္မတတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သည့် COP26 ဆွေးနွေးပွဲတွင် ၂၀၇၀ ပြည့်နှစ်မတိုင်ခင် အိန္ဒိယက ကာဗွန်ထုတ်လွှတ်မှု အသားတင်တန်ဖိုး သုံညအထိ လျော့ချမည့် အစီအစဉ်အပါအဝင် ရည်မှန်းချက် ၅ ရပ်ကိုလည်း ပြောကြားခဲ့သည်။

ရုပ်ကြွင်းလောင်စွာ မဟုတ်သည့် စွမ်းအင်ရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်ရန်နှင့် နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှ ၂၀၃၀ ပြည့်နှစ်မတိုင်မီ ထုတ်လုပ်သွားမည်ဟု ဝန်ကြီးချုပ် မိုဒီက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly