လစ်လပ်နေသော နိုင်ငံခြားသားများနေရာ ပြန်လည်ဖြည့်တင်းရန် ရတနာပုံအသင်း စီစဉ်

လစ်လပ်နေသော နိုင်ငံခြားသားများနေရာ ပြန်လည်ဖြည့်တင်းရန် ရတနာပုံအသင်း စီစဉ်
၂၀၁၅ ဘောလုံးရာသီ၌ ရတနာပုံအသင်းမှ နိုင်ငံခြားသားများအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဒီဇင်ဘာ ၂၇၊ ရန်ကုန်။         ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီအပြီး၌ အသင်းနှင့်လမ်းခွဲခဲ့သဖြင့် လစ်လပ်နေသော နိုင်ငံခြားသား ကစားသမားများ   နေရာတွင် အသစ်ပြန်လည်ဖြည့်တင်းရန် စီစဉ်လျက်ရှိသည် ဟု အသင်းမန်နေဂျာ ဦးသုတမြင့်ဦး က ပြောသည်။ ရတနာပုံအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီမှ   နိုင်ငံခြားသားကစားသမား လေးဦးအနက် တိုက်စစ်မှူး ကိသ် တစ်ဦးသာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားလျက်ရှိသည်။

“ လောလောဆယ်အသင်းကတော့ တိုက်စစ်မှူး ကိသ် တစ်ယောက်ထဲပဲ သက်တမ်းတိုးစာချုပ်ချုပ်ရပါသေးတယ်။ အခြားနိုင်ငံခြားကစားသမားတွေကတော့ ညှိနှိုင်းနေဆဲပဲ ရှိပါသေးတယ်။ အရင်နောက်ခံလူ မိုကွီ ကိုလည်း ပြန်ခေါ်ဖို့တော့ ညှိနေပါတယ်။ နည်းပြကြီး ဒီရက်ပိုင်းပြန်လာရင် ဆုံးဖြတ်သွားမှာပါ။ အာရှသားတစ်ယောက်လည်း ခြေစမ်းဖို့ ရှိနေပါတယ်။ အဆင်ပြေရင် နိုင်ငံခြားသားလေးယောက်အထိ ခေါ်မှာပါ။” ဟု ဦးသုတမြင့်ဦးက လာမည့်ရာသီအသစ်အတွက် အသင်းပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

ရတနာပုံအသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် ဒီဇင်ဘာ ၁၄ ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြန်လည် ပြုလုပ်လျက်ရှိပြီး ပြည်တွင်းကစားသမားများအဖြစ် လက်ရွေးစင် ဂိုးသမား ရန်အောင်လင်း၊ ယူ-၁၉ လက်ရွေးစင် ရဲရင့်အောင်နှင့် ကမ္ဘောဇနောက်ခံလူ သိန်းသန်းဝင်းတို့ကိုလည်း အားဖြည့် ခေါ်ယူထားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly