ဂျမူးနှင့် ကက်ရှ်မီးယား အစိုးရက ဓာတ်အားပေးရုံ ၂ ရုံကို လာမည့်လများအတွင်း စတင်ဖွင့်လှစ်ဖွယ်ရှိ

By India Blooms News Service
08 November 2021
ဂျမူးနှင့် ကက်ရှ်မီးယား အစိုးရက ဓာတ်အားပေးရုံ ၂ ရုံကို လာမည့်လများအတွင်း စတင်ဖွင့်လှစ်ဖွယ်ရှိ

ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရက လက်ရှိ ထုတ်လွှတ်ပေးနေသည့် ဓာတ်အားပမာဏ ၁၆၅၀ မဂ္ဂါဝပ်မှ ၁၈၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့်နိုင်ရန် နောက်ထပ် ဓာတ်အားပေးစက်ရုံ ၂ ရုံကို လာမည့် ၂ လအတွင်း ဖွင့်လှစ်သွားနိုင်ဖွယ်ရှိသည်။

ဆောင်းရာသီအစတွင် ကက်ရှ်မီးယားဒေသ၌ လျှပ်စစ်ဓာတ် အမြင့်ဆုံး လိုအပ်ချက်သည် မဂ္ဂါဝပ် ၁၂၀၀ မှ ၁၄၅၀ အထိ မြင့်တက်လာခဲ့သည်။

တရားဝင်ခွင့်ပြုမထားသည့် အနွေးဓာတ်ပေး ပစ္စည်းများကို ဆောင်းရာသီဝင်လာသည့်အချိန်တွင် အသုံးပြုခြင်းကြောင့် စွမ်းအင်လိုအပ်ချက် ရုတ်တရက် မြင့်တက်လာခြင်း ဖြစ်ကြောင်း ရင်းမြစ်များက ပြောကြားသည်။

ကက်ရှ်မီးယား စွမ်းအင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း လီမိတက် (KPDCL) မှ အင်ဂျင်နီယာချုပ် အိုင်ဂျက်ဇ်အာမက်ဒါက “လာမယ့်ရက်တွေမှာ လက်ဆီပိုရာက ဓာတ်အားပေးစက်ရုံ နောက်ထပ်၂ ရုံဖွင့်လှစ်ပြီး မီအာဘဇာ ဓာတ်အားပေးစက်ရုံတို့ကနေ ထုတ်လွှတ်မှု မြှင့်တင်မှာတို့ကြောင့် လက်ရှိ ၁၆၅၀ မဂ္ဂါဝပ်ကနေ ၁၈၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လွှတ်သွားနိုင်ပါမယ်” ဟု ပြောကြားသည်။

ယမန်နှစ်အတွင်းကလည်း ဓာတ်အားပေးစက်ရုံ ၂ရုံ စတင်အသုံးပြုနိုင်ခဲ့ခြင်းကြောင့် တစ်နေ့လျှင် ဓာတ်အား ယူနစ် ၃၂၇ ကုဋေအထိ ထုတ်လွှတ်ပေးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly