ကက်ရှ်မီးယား တက္ကသိုလ်က ရင်သားကင်ဆာအကြောင်း အွန်လိုင်းဆွေးနွေးမှု ပြုလုပ်

By India Blooms News Service
08 November 2021
ကက်ရှ်မီးယား တက္ကသိုလ်က ရင်သားကင်ဆာအကြောင်း အွန်လိုင်းဆွေးနွေးမှု ပြုလုပ်

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားတက္ကသိုလ်၏ ဇီဝရင်းမြစ်များဌာနက အိန္ဒိယကင်ဆာအသင်းနှင့် ပူးပေါင်းကာ ရင်သားကင်ဆာအကြောင်း ပညာပေး ဆွေးနွေးပွဲတစ်ခုကို အောက်တိုဘာ ၃၁ ရက်တွင် အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အား ‘ရင်သားကင်ဆာ စောင့်ရှောက်ပါ-မြန်မြန်သိဖို့ ကုသဖို့ သုတေသနနှင့် ပညာရေး စောစောစီးစီး စစ်ဆေးပေး’ ခေါင်းစဉ်ဖြင့် ကျင်းပခြင်း ဖြစ်သည်။

အောက်တိုဘာလတွင် ကျင်းပသော ‘ရင်သားကင်ဆာ အသိပညာပေးရေးလ’ ဆောင်ရွက်ချက်ဖြင့် ကျင်းပသည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ နိုင်ငံအဝှမ်းမှ တက်ရောက်သူပေါင်း ၃၀၀ ရှိခဲ့သည်။

ကက်ရှ်မီးယားတက္ကသိုလ်၏ ဒုတိယအဓိပတိ ဖြစ်သူ ပါမောက္ခ တာလတ်အာမက်က ရင်သားကင်ဆာ ပညာပေး အစီအစဉ်ကို လူငယ်မျိုးဆက်များ ရောဂါအန္တရာယ်နှင့် ပတ်သက်၍ ဗဟုသုတရရှိနိုင်ပြီး စောစီးစွာ စစ်ဆေး သိရှိနိုင်ရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

“ရင်သားကင်ဆာနဲ့ ပတ်သက်လို့ ဆေးစစ်ခြင်း၊ ကုသခြင်းနဲ့ အသိပညာပေး လုပ်ငန်းတွေအတွက် ခေတ်မီ နည်းပညာတွေကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ရင်းမြစ်တွေကို စုဆောင်း၊ မျှဝေသင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

တက္ကသိုလ်၏ မော်ကွန်းထိန်း ဒေါက်တာ နီဆာအာမက်မီယာက အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးပြီး ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် ကင်ဆာပုံစံများကို ဆွေးနွေးခဲ့ပြီး တက္ကသိုလ်၏ ကျန်းမာရေးဌာနတွင် ရင်သားကင်ဆာ စစ်ဆေးစမ်းသပ်သည့် ဌာနတစ်ခု လိုအပ်ကြောင်းကိုလည်း အလေးထား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly