ထိုင်ဝမ်ကို တရုတ်ထံမှ အမေရိကန်က လုံးဝ ကာကွယ်နိုင်မည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီး ပြောကြား

ထိုင်ဝမ်ကို တရုတ်ထံမှ အမေရိကန်က လုံးဝ ကာကွယ်နိုင်မည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီး ပြောကြား

အမေရိကန်စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ထိုင်ဝမ်အား တရုတ်တိုက်ခိုက်လာပါက အမေရိကန်စစ်တပ်က အပြည့်အဝကာကွယ်ပေးနိုင်ကြောင်း နိုဝင်ဘာ ၃ရက်တွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက Aspen လုံခြုံရေးဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်က လာမည့် ၂၄ လ အတွင်း ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို သိမ်းယူရန် မဖြစ်နိုင်သော်လည်း ဖြစ်လာပါက ထိုင်ဝမ်ကို ကာကွယ်ရန် အမေရိကန်တပ်ဖွဲ့များ အပြည့်အဝ စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် မေးခွန်းထုတ်စရာ မလိုကြောင်း ပြောကြားခဲ့သည်” ဟု The Hill က ဖော်ပြခဲ့သည်။

“မကြာမီကာလမှာ မဟုတ်နိုင်သေးပေမယ့် ဘာမဆို ဖြစ်လာနိုင်ပါတယ်” ဟု NBC News မှ လက်စတာဟို့နှင့် ပြုလုပ်သော လူတွေ့မေးမြန်းခန်းတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လများအတွင်း ဆိုးသွမ်းနယ်မြေအဖြစ်ရှုမြင်ကာ တရုတ်က ထိုင်ဝမ်ကျွန်းကို ဆန့်ကျင်သည့် ရန်စမှုများကို အရှိန်မြှင့်ခဲ့ပြီး အောက်တိုဘာလ၏ အစောပိုင်း လေးရက်အတွင်း ထိုင်ဝမ်လေကြောင်း သတ်မှတ် ဇုန် အတွင်းသို့ တရုတ်စစ်လေယာဉ်များ အကြိမ် ၁၅၀ ကျော် ကျူးကျော်ဝင်ရောက်လာခဲ့သည်။

အမေရိကန်နှင့် တရုတ်အစိုးရတို့အကြား ဆက်ဆံရေး မကောင်းသည့်အချိန်တွင် ယင်းရန်လိုမှုသည် အရေးကြီးသော ပဋိပက္ခဖြစ်နိုင်သည့် အချက်တစ်ချက်ဖြစ်ပြီး ထိုင်ဝမ်နှင့် အမေရိကန် ထိပ်တန်းအရာရှိများက နောက်ဆုံး စစ်ရေးအရ ထိပ်တိုက်တွေ့မည်ကို စိုးရိမ်နေကြသည်။

ထိုင်ဝမ်နှင့်ပတ်သက်သည် မဟာဗျူဟာမရေမရာမပြတ်မသားဖြစ်နေသော အမေရိကန်၏ ရပ်တည်ချက်အား ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက အလေးပေးပြောကြားခဲ့ပြီး ထိုင်ဝမ်ကျွန်းအား တရုတ်က ထိန်းချုပ်ရန်ကြိုးပမ်း မည်ဆိုပါက ဝင်ရောက်စွက်ဖက်မှုပြုမပြု အိမ်ဖြူတော်က ဆုံးဖြတ်ရမည်ဟု The Hill က ဖော်ပြခဲ့သည်။

မကြာသေးမီက တရုတ်က အသံထက်မြန်သည့် လက်နက်စနစ် စမ်းသပ်မှုကို ရည်ညွှန်းပြီး ပင်တဂွန် စစ်ဌာန ချုပ်မှ ထိပ်တန်းအရာရှိက တရုတ်အစိုးရ၏ စွမ်းဆောင်ရည်အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းကြောင့် အမေရိကန်က တရုတ်အား အရှိန်အဟုန်မြှင့်သည့် စိန်ခေါ်မှုတစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောကြား ခဲ့သလို ကမ္ဘာစစ်များပြီးကတည်းက ကမ္ဘာလုံးဆိုင်ရာ ပါဝါအပြောင်းအရွေ့များထဲမှ အထူးခြားဆုံး ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်ဟု The Hill က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly