ပါကစ္စတန်ရှိ စီးပွားရေးစင်္ကြံ နှောင့်နှေးမှုများကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ စိတ်ပျက်လာ

By Greek City Times
08 November 2021
ပါကစ္စတန်ရှိ စီးပွားရေးစင်္ကြံ နှောင့်နှေးမှုများကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ စိတ်ပျက်လာ

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) သည် တရုတ်၏ “ခါးပတ်လမ်းစီမံကိန်း” ၏ အုတ်မြစ်ဖြစ်ရန် ရည်မှန်းထားသော်လည်း ပါကစ္စတန်အစိုးရသည် ဖြစ်ပေါ်လာမည့်ကိစ္စရပ်များကို မဖြေရှင်းနိုင်ခြင်းကြောင့် သိသာထင်ရှားသော နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်။

ယင်းအခြေအနကြောင့် ပါကစ္စတန်၏ ရုန်းကန်နေရသော စီးပွားရေးတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများက ဘီလီယံနှင့်ချီသော ငွေများ ထပ်ထည့်ရန် မဖြစ်နိုင်သေးပေ။

ပြည်တွင်းမီဒီယာများ၏ အဆိုအရ သြဂုတ်လတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အများစုကို ပါကစ္စတန်-တရုတ် ဦးဆောင်ကော်မတီက အကောင်အထည်မဖော်ခဲ့ပေ။

ဩဂုတ်လကုန်တွင် CPEC လျှပ်စစ်ဓာတ်အားပေးရေးစီမံကိန်း ၅ ခုအထိ ပြုလုပ်ရန် စီစဉ်ထားကြောင်း Express Tribune က ဖော်ပြခဲ့သည်။

ထို့ကြောင့် နှောင့်နှေးမှုများအတွက် ရင်းနှီးမြှုပ်နှံသူများသည် ဒဏ်ငွေပေးဆောင်ရမည်ဟု ခြိမ်းခြောက် ခံနေရသလို ယင်းနှောင့်နှေးမှုများက တရုတ်ရင်းနှီးမြှုပ်နှံသူများကို စိတ်ပျက်စေပြီး ယင်းကဲ့သို့ ဖြစ်ခြင်းအပေါ် မကျေမနပ်ပြောဆိုနေကြသည်။

ခါးပတ်လမ်းစီမံကိန်း၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်သော CPEC သည် အိမ်နီးချင်း အိန္ဒိယကို မကြာခဏ ပစ်မှတ်ထားပြီး အထူးသဖြင့် ဂျမူးနှင့် ကက်ရှ်မီးယားရှိ အကြမ်းဖက်အဖွဲ့အစည်းများကို ပံ့ပိုးပေးနေသည်။

ပါကစ္စတန်တွင် တရုတ်က ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly