မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် နယ်သာလန်နည်းပြခန့်အပ်ရန် စီစဉ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် နယ်သာလန်နည်းပြခန့်အပ်ရန် စီစဉ်
အာဆီယံအမျိူးသမီးချန်ပီယံရှစ်ပြို်င်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဒီဇင်ဘာ ၂၇၊ ရန်ကုန်။             ။ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နည်းပြချုပ်အဖြစ် နယ်သာလန်လူမျိုး နည်းပြတစ်ဦး ခန့်အပ်ရန် စီစဉ်လျက်ရှိသည် ဟု အသင်းနည်းစနစ်ဒါရိုက်တာ ဦးအေးမောင်ကြီးက ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကစားသမား ၃၀ ဦးဖြင့် ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

“ အသင်းအတွက် နယ်သာလန်နည်းပြရောက်မယ် လို့ ပြောပါတယ်။ မစ္စတာဂတ်ကနေတဆင့် ဆက်သွယ်ပေးတာလို့ သိရပါတယ်။ အရင်က နယ်သာလန်လက်ရွေးစင်အမျိုးသမီးအသင်းကို တာဝန်ယူဖူးတယ် ပြောပါတယ်။ ကျွန်တော်တို့အတွက်ကတော့ နိုင်ငံခြားသားနည်းပြလာမှာ ကြိုဆိုပါတယ်။ အားလုံးအတွက်လည်း ပညာယူလို့ရပါတယ်။ အသင်းက လက်ရှိတော့ ဒီဇင်ဘာ ၁ ရက်ကစပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ပြည်ပထွက်ပြီး လေ့ကျင့်ဖို့ ခြေစမ်းဖို့လည်း တောင်းဆိုထားပါတယ် ” ဟု ဦးခင်မောင်ကြိုင်က ပြောသည်။

၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ၂၀၁၆ ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၅ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly