တရုတ်အစိုးရအရာရှိတစ်ဦး TikTok တွင် တိုက်ရိုက်ထုတ်လွှင့်ပြီး အရက်ရောင်းခြင်းကြောင့် စုံစမ်းစစ်ဆေးခံနေရ

တရုတ်အစိုးရအရာရှိတစ်ဦး TikTok တွင် တိုက်ရိုက်ထုတ်လွှင့်ပြီး အရက်ရောင်းခြင်းကြောင့် စုံစမ်းစစ်ဆေးခံနေရ

တရုတ်နိုင်ငံအရှေ့ပိုင်းမှ အစိုးရအရာရှိတစ်ဦးသည် အစိုးရဝန်ထမ်းများအား ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွင် ပါဝင်ခွင့်မပြုရန် တားမြစ်ထားသည့် တရုတ်ဥပဒေများကို ချိုးဖောက်ကာ လုပ်ငန်းခွင်တွင် အရက်သေစာရောင်းချမှု အတွက် စုံစမ်းစစ်ဆေးခံနေရသည်။

ကျူမျိုးရိုးအမည်ရှိ အရာရှိမှာ ကျန်စုပြည်နယ်၊ စူကျိုးမြို့ပြစီမံခန့်ခွဲမှုဗျူရိုတွင် အလုပ်လုပ်နေသော အလယ်လတ်အဆင့်ရှိ ကေဒါတစ်ဦးဖြစ်သည်။

အရက်အမျိုးအစား ၇ မျိုးကို ၎င်း၏ Douyinအကောင့်ဖြစ်သည့် China's TikTokမှ ကြော်ငြာခဲ့သလို အန်ဟွေး ပြည်နယ်ရှိ စက်ရုံတစ်ရုံကို သွားရောက်ခဲ့ပြီး ၎င်း၏ အွန်လိုင်းပရိသတ် ၄၃၀ဝ၀အား ထုတ်ကုန်ကို မိတ်ဆက် ခဲ့သည်။

ကျူသည် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် နိုဝင်ဘာ ၁ရက်တွင် တိုက်ရိုက်ဗီဒီယိုထုတ်လွှင့်မှုမှတဆင့် အရက် ကြော်ငြာဗီဒီယိုများအကြောင်း မေးမြန်းသည့် စည်းကမ်းထိန်းသိမ်းရေးအရာရှိများနှင့် တွေ့ဆုံခဲ့ရသည်ဟု ဝန်ခံ ပြောကြားခဲ့သည်။

“ကျွန်တော်က စည်းကမ်းတွေ ချိုးဖောက်ခဲ့ပေမယ့် ဥပဒေတော့ မချိုးဖောက်ပါဘူး” ဟု ဆိုခဲ့ပြီး ၂ နှစ်အတွင်း အငြိမ်းစားယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သူငယ်ချင်းဖြစ်သူ၏ ဘဏ်အကြွေးကို အာမခံခဲ့သည့်အတွက် အကြွေးပေးစရာ ဒေါ်လာ ၇၈၃၀ဝ ပေးရမည် ဖြစ်ခြင်းကြောင့် အရက်စတင်ရောင်းရခြင်းဖြစ်ကြောင်း ကျူက ပြောကြားခဲ့သည်ဟု Chutian Metropolis News က ဖော်ပြခဲ့သည်။

ကျူသည် လုပ်ငန်းခွင်တွင်လည်း အွန်လိုင်းဂိမ်းများကို ကစားသည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

ဂိမ်းကစားချိန်တွင် လူများကို ဆဲဆိုသောကြောင့် ကျူ၏ အကောင့်သည် ခေတ္တအပိတ်ခံထားရသည်ဟု Chutian Metropolis News က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly