ဆိုက်ဘာတိုက်ခိုက်မှုအားအကူအညီပေးမှုသံသယဖြင့် တရုတ်အကြွေးဝယ်ကဒ် ဖတ်သည့် ကုမ္ပဏီကို FBI ဝင်ရောက် စီးနင်း

ဆိုက်ဘာတိုက်ခိုက်မှုအားအကူအညီပေးမှုသံသယဖြင့် တရုတ်အကြွေးဝယ်ကဒ် ဖတ်သည့် ကုမ္ပဏီကို FBI ဝင်ရောက် စီးနင်း

ကမ္ဘာတစ်ဝှမ်းရှိ ဆိုက်ဘာတိုက်ခိုက်မှုဒါဇင်ပေါင်းများစွာ၏ နောက်ကွယ် ၌ရှိနေသည်ဟု ယူဆရသော တရုတ်အကြွေးဝယ်ကဒ် ဖတ်စက်ကုမ္ပဏီတစ်ခု၏ ဖလော်ရီဒါပြည်နယ်ရှိရုံးများကို FBI မှ စုံစမ်းစစ်ဆေးသူများက ဝင်ရောက်စီးနင်းခဲ့သည်။

ငွေပေးချေမှုလုပ်ဆောင်ပေးသည့် စက်ပစ္စည်းများပြုလုပ်သော PAX Technology ကုမ္ပဏီသည် နိုင်ငံပေါင်း ၁၂၀ ၌ ၎င်းတို့ပစ္စည်း သန်း ၆၀ ကျော်ကို အသုံးနေကာ ၂၀၂၀ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၇၂၇ သန်း ဝင်ငွေရရှိခဲ့သည်။

အမေရိကန်နှင့် ဥရောပအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် ဆိုက်ဘာတိုက်ခိုက်ခံရမှုများတွင် PAX ကုမ္ပဏီ ၏ စနစ်ကို အသုံးပြုခဲ့သည်ဟူသော အစီရင်ခံစာများနှင့်ဆက်စပ်၍ ဂျက်ခ်ဆင်ဗေးမြို့ရှိ ရုံးခန်းစီးနင်းမှုကို ပြုလုပ်သည်ဟု ယုံကြည်ရသည်။

ဒေသတွင်းရှိ PAX Technology ကုန်လှောင်ရုံကို FBI နှင့် ပြည်တွင်းလုံခြုံရေးဌာနမှ တာဝန်ရှိသူများသည် ဝင်ရောက် စီးနင်းခဲ့သည်ဟု WOKV ရေဒီယိုက ကြေညာခဲ့သည်။

အောက်တိုဘာ ၂၇ တွင် အမေရိကန်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက အမေရိကန်ဈေးကွက်ရှိ နိုင်ငံပိုင်ကုမ္ပဏီကြီး ၃ ခုအနက် တစ်ခုဖြစ်သော တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Telecom Ltd. ကို ပြည်နယ်ဒဏ်ပေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန်သည် တရုတ်နှင့် ဆက်ဆံရေးတင်းမာမှုမြင့်တက်နေသည့်ကြားက အဆိုပါကုမ္ပဏီများအား အမျိုးသား လုံခြုံရေးခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထုတ်ဖော်ပြောဆိုထားသည်။

ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ၏ အောက်တိုဘာ ၂၆ ရက်က အတည်ပြုထားသော အမိန့်အရ China Telecom Americas Corp. ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်အချင်းချင်းနှင့် နိုင်ငံတကာဝန်ဆောင်မှုများကို ရက်ပေါင်း ၆၀ အတွင်း ရပ်တန့်ရမည်ဖြစ်သည်။

တရုတ်သည် အမေရိကန်ဆက်သွယ်ရေးများကို ခိုးနားထောင်ရန်သို့မဟုတ် နှောင့်ယှက်ရန် ကုမ္ပဏီများအား အသုံးချနိုင်ကြောင်းနှင့် အမေရိကန်ကို သူလျှိုလုပ်ခြင်းနှင့် အခြားအန္တရာယ်ဖြစ်စေသောလှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ကြောင်း စသည့်အန္တရာယ်များကို FCC က ကိုးကားပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly