ခိုတောင် လူသတ်မှု သေဒဏ်ဆုံးဖြတ်ချက်ကို မြန်မာသံအမတ်ကြီး လက်ခံခဲ့ခြင်းမဟုတ်ကြောင်း ဘန်ကောက်ပို့ ပြန်လည်ရေးသား

ခိုတောင် လူသတ်မှု သေဒဏ်ဆုံးဖြတ်ချက်ကို မြန်မာသံအမတ်ကြီး လက်ခံခဲ့ခြင်းမဟုတ်ကြောင်း ဘန်ကောက်ပို့ ပြန်လည်ရေးသား

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည့် ပြစ်ဒဏ်အပေါ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က လက်ခံခဲ့ကြောင်း ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ဒီဇင်ဘာ ၂၆ ရက်က ဖော်ပြခဲ့သည်။ သို့သော်  သံအမတ်ကြီးက မိမိအနေဖြင့် တရားရုံးဆုံးဖြတ်ချက်ကို လေးစားသော်လည်း အမှုကို ပြန်လည်သုံးသပ်ရန်သာ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း  အဆိုပါ ဝက်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၂၇ ရက်က ပြန်လည် ဖော်ပြခဲ့သည်။

အဆိုပါ စီရင်ချက်နှင့်ပတ်သက်ပြီး ရန်ကုန်နှင့် နှစ်နိုင်ငံနယ်စပ် မြို့များတွင် ဒီဇင်ဘာ ၂၆ ရက်က ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်အနေဖြင့် အမှုကို ပြန်လည်သုံးသပ်စစ်ဆေးပေးရန် သံအမတ်ကြီးက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

"ထိုင်းနိုင်ငံ၏ တရားစီရင်မှုအပေါ် ကြားဝင်မစွက်ဖက်လိုသော်လည်း ယခုအမှုအပေါ် ဝန်ကြီးချုပ်အနေဖြင့် ပြန်လည်သုံးသပ်ပေးစေလိုပါသည်" ဟု ဦးဝင်းမောင်၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

မြန်မာလူငယ်နှစ်ဦးအား ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်သောကြောင့် ဒီဇင်ဘာ ၂၆ ရက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့်ကပ်လျှက် ရှမ်းပြည်နယ် တာချီလိတ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအနီးတွင် မြန်မာ ၂၀၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly