အိန္ဒိယစစ်တပ်က ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒိုတပ်ဖွဲ့များအတွက် လေထီးအလွတ်ခုန် သင်တန်းပို့ချ

အိန္ဒိယစစ်တပ်က ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒိုတပ်ဖွဲ့များအတွက် လေထီးအလွတ်ခုန် သင်တန်းပို့ချ

ဘင်္ဂလားဒေ့ရှ် ရေတပ်၏ အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်များအတွက် လေထီးအလွတ်ခုန် သင်တန်းကို အိန္ဒိယ စစ်တပ်က အောက်တိုဘာ ၂၇ ရက်တွင် ပို့ချခဲ့သည်။

အိန္ဒိယစစ်တပ်၏ စွန့်စားတိုက်ခိုက်ရေး အထူးတပ်ဖွဲ့မှ ကျွမ်းကျင်သူများက သင်တန်းကို ပို့ချခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ သင်တန်းကို ပို့ချခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ့်ရေတပ်၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး အမ်ရှာဟန်အစ်ကဘယ်က အိန္ဒိယကြည်းတပ်၏ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဗန်နေးအား ဖိတ်ကြားကာ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး အမ်ရှာဟန်အစ်ကဘယ်သည် အိန္ဒိယနိုင်ငံတွင် အောက်တိုဘာ ၂၃ မှ ၂၉ အထိ တရားဝင်ခရီး ရောက်ရှိခဲ့ကြောင်း အိန္ဒိယရေတပ်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly