ဒီပဝါလီနေ့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရန်အဆိုကို အမေရိကန်လွှတ်တော်အမတ် ကွန်ဂရက်သို့ တင်သွင်း

ဒီပဝါလီနေ့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရန်အဆိုကို အမေရိကန်လွှတ်တော်အမတ် ကွန်ဂရက်သို့ တင်သွင်း

ဒီပဝါလီနေ့အား အမေရိကန်နိုင်ငံတွင် အများပြည်သူအားလပ်ရပ်အဖြစ် သတ်မှတ်ပေးရန် ဥပဒေကြမ်းကို နယူးယောက်ပြည်နယ် ကွန်ဂရက်လွှတ်တော်အမတ် ကာရိုလင်းမယ်လိုနီက ပါလီမန်သို့ နိုဝင်ဘာ ၃ ရက်က တင်သွင်းလိုက်သည်။

အဆိုပါ ဥပဒေကြမ်းတင်သွင်းရာတွင် အိန္ဒိယမျိုးနွယ် လွှတ်တော်အမတ်များဖြစ်သည့် ရိုခန်နာ၊ ရာဂျာခရစ်ရှနာမိုသီနှင့် အခြားလွှတ်တော်အမတ်များလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဥပဒေကို အတည်ပြုလိုက်ပါက ဒီပဝါလီအားလပ်ရက်ကို ဖက်ဒရယ်အဖွဲ့အစည်းများတွင် သတ်မှတ်ခွင့်ရရှိပြီး အမေရိကန်ရောက် အိန္ဒိယလူမျိုးသန်းပေါင်းများစွာအနေဖြင့် ရိုးရာယဉ်ကျေးမှုပွဲတော်တွင် ပါဝင်ကျင်းပခွင့်ရရှိမည်ဖြစ်သည်။

လွှတ်တော်အမတ် မယ်လိုနီသည် ဒီပဝါလီအထိမ်းအမှတ်အမေရိကန် စာပို့တံဆိပ်ခေါင်းကို အတည်ပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှစတင် ဖြန့်ဝေခဲ့သည်။

ဒီပဝါလီနေ့သည် ယခုနှစ်တွင် နိုဝင်ဘာ ၄ ရက်က ကျရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly