တိဗက်ဘုန်းတော်ကြီးအား ရည်ညွန်းကိုးကားချက်များကို ဘာသာရေးစာပေများမှ တရုတ်အစိုးရ ပယ်ဖျက်

By Republic world
07 November 2021
တိဗက်ဘုန်းတော်ကြီးအား ရည်ညွန်းကိုးကားချက်များကို ဘာသာရေးစာပေများမှ တရုတ်အစိုးရ ပယ်ဖျက်

စီချွမ်းအကျဉ်းထောင်၌ သေဆုံးသွားသော တိဗက်ဘုန်းကြီး တန်ဇင်ဒဲလက်ရင်ပိုချီ၏ အမှတ်တရများကို လူများမေ့သွားစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် တရုတ်အာဏာပိုင်များသည် ၎င်းနှင့်ပတ်သက်သော လူထုဆွေးနွေးမှုများကို စတင်ပိတ်ပင်လိုက်သည်။

တရုတ်အာဏာပိုင်များသည် တိဗက်ဘုန်းတော်ကြီး တာလ်ကူတန်ဇင်ဒဲလက်၏ ရည်ညွှန်းကိုးကားချက်များကို ဘာသာရေးသမိုင်းမှ စတင်ဖျက်ပစ်ခဲ့ကြောင်း RFA ၌ ဖော်ပြထားသည်။

ထို့ပြင် တရုတ်အာဏာပိုင်များသည် လူမှုမီဒီယာပေါ်ရှိ တိဗက်ဘုန်းတော်ကြီး၏သတင်းအချက်အလက် များကို ဖယ်ရှားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးနေသည့် အွန်လိုင်းစကားပြောအဖွဲ့တစ်ခုကို စတင်ပိတ်လိုက်ပြီဖြစ်သည်။

ဘုန်းကြီးကျောင်းများ၏ သမိုင်းကြောင်းများကို မှတ်တမ်းတင်ထားပြီး ထိုအကြောင်းများကို ပြုစုသည့် တိဗက်လူမျိုးများက ပြည်သူများကို ဖြန့်ဝေပေးခဲ့သည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်တခုက RFA ကို ပြောသည်။

ထို့ပြင် တိဗက်ဘုန်းတော်ကြီး တာလ်ကူတန်ဇင်ဒဲလက်အကြောင်းများ ဖော်ပြထားခြင်းမရှိသော စာအုပ်များကို ဖတ်ရသည့်အတွက် တိဗက်လူမျိုး အများအပြားက စိတ်ပျက်ခဲ့ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုမီဒီယာတွင် ဆွေးနွေးပွဲတစ်ခု မကြာမီ ပေါ်ပေါက်ခဲ့ပြီး တရုတ်အာဏာပိုင်များက ထိုဆွေးနွေးပွဲအဖွဲ့အများအပြားကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အဖွဲ့ဝင် ၅၀၀ နီးပါးရှိသော အွန်လိုင်းအဖွဲ့မှ အဖွဲ့ဝင်အချို့ကို စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ခဲ့သည်။

တရုတ်အာဏာပိုင်များသည် စီချွမ်းရှိ ကာဇီတိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်ချူးကောင်တီရှိ ဘုန်းကြီးကျောင်းများအား ၎င်းတို့ကျောင်းများတည်ထောင်ခြင်း သမိုင်းကြောင်းများမှ ဒဲလက်ရင်ပိုချီနှင့်ဆိုင်သော အကိုးအကားများကိုဖယ်ရှားရန်တွန်းအားပေးနေကြောင်း အဝေးရောက် တိဗက်နိုင်ငံသားတစ်ဦး၏ ပြောဆိုချက်အား ANI ကဖော်ပြခဲ့သည်။

တိဗက်ဘုန်းတော်ကြီးတာလ်ကူတန်ဇင်ဒဲလက်သည်ခမ်နာလန်ဒါသက်ချန်ဂျန်ချပ်ဘုန်းကြီးကျောင်းပြန်လည်ထူထောင်ရေးတွင်အရေးပါသောကဏ္ဍမှပါဝင်ခဲ့သည်။

ဘုန်းကြီးကျောင်း၏သမိုင်းကျောင်းတွင်၎င်းနှင့်ပတ်သက်သောအမည် သို့မဟုတ် လှုပ်ရှားမှုများ မပါဝင်တော့ပေ။

သတင်းများအရဘုန်းတော်ကြီးဒဲလက်သည်ထောင်ဒဏ်၂၂နှစ်ကျခံနေရစဉ် ၁၃နှစ်မြောက်အချိန် ၂၀၁၅ခုနှစ်ဇူလိုင်၁၂ရက်တွင် အကြောင်းရင်း မသိရဘဲ သေဆုံးခဲ့သည်။ အစောပိုင်းက သေဒဏ်ချမှတ်ခံထားရသော်လည်း နောက်ပိုင်းတွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly