၂၀၂၂ ခုနှစ် ပါတီကွန်ဂရက်မတိုင်မီ ရှီကျင့်ဖျင် အာဏာလွန်ဆွဲပွဲနှင့် ရင်ဆိုင်နေရ

၂၀၂၂ ခုနှစ် ပါတီကွန်ဂရက်မတိုင်မီ ရှီကျင့်ဖျင် အာဏာလွန်ဆွဲပွဲနှင့် ရင်ဆိုင်နေရ

တရုတ်စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်နေစဉ် ၂၀၂၂ ခုနှစ် ပါတီကွန်ဂရက်မတိုင်မီ တရုတ်သမ္မတ ရှီကျင့်ဖျင် သည် သြဇာကြီးသော အုပ်စုများနှင့် အာဏာလွန်ဆွဲမှုနှင့် ရင်ဆိုင်နေရပုံရသည်ဟု မီဒီယာများက ဖော်ပြ ခဲ့သည်။

Jamestown ဖောင်ဒေးရှင်း၏ အထူးစက္ကူဖြူစာတမ်းတွင် သမ္မတနှင့် အင်အားယှဉ်ပြိုင်နို်ငသည့် သြဇာကြီးသော ပုဂ္ဂိုလ်များတွင် ယခင် ဒုတိယသမ္မတ ကျန်းချင်ဟုန် နှင့် လက်ရှိ ဒုတိယသမ္မတ ဝမ်ချိရှန်တို့ ပါဝင်သည်ဟု The Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

အစိုးရက တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သည့် NetEaseနှင့် Sohuဝက်ဘ်ဆိုဒ်များ တွင် အာဏာလွန် ဆွဲများဖြစ်ပွားနေသည့် ကောလာဟလသတင်းများကို ဖော်ပြခဲ့ပြီး "ရဲတပ်ဖွဲ့၊ လျှို့ဝှက်ရဲများ နှင့် တရားရုံးများအပါအဝင် နိုင်ငံရေး-တရားရေးယန္တရားတွင် အကြီးတန်းအရာရှိအများအပြားက ယေဘုယျအားဖြင့် ရှီဟု ယူဆရသည့် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအပေါ် “ သစ္စာဖောက်ဖျက်ပြီး အန္တရယ်" ပြုမည့် လုပ်ရပ်ကို ကြံစည်ခဲ့ကြောင်း The HK Post ၏ သတင်းတွင် ဖော်ပြထားသည်။

သို့သော် ယင်းသတင်းများကို ဖျက်လိုက်ပြီဟု ဖောင်းဒေးရှင်းများက ဆိုကြသည်။

ပါတီ၊ အစိုးရနှင့် PLA တို့အပေါ် သမ္မတရှီကျင့်ဖျင်၏ စုပေါင်း ထိန်းချုပ်မှုကို ထည့်သွင်းစဉ်းစားရပါက မဖြစ်နိုင်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထိပ်ပိုင်းခေါင်းဆောင်များ ဂိုဏ်းဂဏကွဲမှုသည် မကြာသေးမီက ပိုမိုဆိုးရွားလာသည်ဟုလည်း ဆိုကြသည်။

" ကမ္ဘာ့အကြီးဆုံး အိမ်ရာ လုပ်ငန်းစုများထဲမှ တစ်ခုဖြစ်သော Evergrande Group ၏ ဒေဝါလီခံလုနီးပါး အခြေအနေဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် အိမ်ခြံမြေနှင့် ငွေကြေးလုပ်ငန်းများသည် ယင်းတို့၏ ယွမ်ဘီလီယံပေါင်း များစွာရှိသော ကြွေးမြီဝန်ထုပ်ဝန်ပိုးများကို ဆောင်ရွက်နိုင်ခြင်းမရှိတော့ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ ပြင်ပကြွေးမြီတစ်ခုတည်းက အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၈ ထရီလီယံ သတ်မှတ်ချက်ကိုကျော်လွန်ကာ ၂၀၂၀ပြည့်နှစ်ကုန်တွင် အမျိုးသားကြွေးမြီစုစုပေါင်းသည် ဂျီဒီပီ၏ ၃၃၅ ရာခိုင်နှုန်းအထိရောက်ရှိနေသည်” ဟု ဖောင်ဒေးရှင်း၏ အစီရင်ခံစာကို ကိုးကား၍ သတင်းစာက ဖော်ပြခဲ့သည်။

အခြေခံအဆောက်အအုံကဏ္ဍ အားနည်းနေချိန်တွင် ပြည်တွင်းအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုယန္တရားမှာ အကြွေးနွံနစ်နေသည်ဟု အစီရင်ခံစာက ဆိုသည်။

ရှီကျင့်ဖျင်ကို ကိုင်တွယ်မည်ဟု ယူဆရသည့် အခြားခေါင်းဆောင်မှာ ယခင်သမ္မတဟောင်း ကျန်ဇီမင်း၏ အနီးကပ်မဟာမိတ်ဖြစ်ပြီး ရှန်ဟိုင်းဂိုဏ်းခွဲ၏ အဓိကခေါင်းဆောင်တစ်ဦးဟု ယူဆရသည့် ဒု-သမ္မတဟောင်း ကျန်းချင်ဟုန် ဖြစ်သည်။

ရှီကျင့်ဖျင်ကို ထောက်ခံသူများက အနာဂတ်တွင် ဝေဖန်သူများကို ရှီကျင့်ဖျင်က “သုတ်သင်ရှင်းလင်း” လိမ့်မည်ဟု ယူဆနေကြသည်။

အတွင်းတိုက်ပွဲများ ဖြစ်ပွားနေသည်ကို အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက်တွင် ရှင်းရှင်းလင်းလင်း တွေ့မြင်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly