တရုတ်၏ ရာသီဥတုထိန်းသိမ်းရေး စီမံချက်က တိဗက်တို့၏ အသက်မွေးဝမ်းကျောင်းနှင့်အခွင့်အရေးများကို ထိခိုက်

By Environment News
07 November 2021
တရုတ်၏ ရာသီဥတုထိန်းသိမ်းရေး စီမံချက်က တိဗက်တို့၏ အသက်မွေးဝမ်းကျောင်းနှင့်အခွင့်အရေးများကို ထိခိုက်

တရုတ်သည် ရာသီဥတုထိခိုက်မှု လျော့ပါးရေး ကြိုးပမ်းအားထုတ်မှုဟူသော အကာအကွယ်အောက်၌ တိဗက်၏ မြေယာများကို ရယူရန်ကြိုးစားနေကာ တစ်နိုင်ငံတည်းသားများ၏ အခြေခံအခွင့်အရေးများနှင့်  အသက်မွေးဝမ်းကျောင်းများကို ထိခိုက်စေလျက်ရှိသည်ဟု တိဗက်လူမျိုးများက ပြောသည်။

တိဗက်လူမျိုးများသည် ၎င်းတို့၏မြေယာပိုင်ဆိုင်မှုကိုစွန့်လွှတ်ရန် ဖိအားပေးခံရသည့်အပြင်စား ကျက်ခင်းများအသုံးပြုခြင်းကိုလည်း ရပ်တန့်ခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ Tibet Press က ဖော်ပြခဲ့သည်။

တရုတ်အစိုးရက မြက်ခင်းပြင် ထိန်းသိမ်းရေးမူဝါဒအရ မြေယာ အသုံးပြုခွင့်ကို ရုပ်သိမ်းခဲ့ပြီး လယ်မြေများနှင့်စားကျက်မြေများကိုသိမ်းယူခဲ့ကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။ တိဗက်မှရေအရင်းအမြစ်များသည်တရုတ်နိုင်ငံ၏ရေလိုအပ်ချက်ကို ထောက်ပံ့ပေးနေသောကြောင့် တရုတ်သည် စားကျက်မြေများကို အမျိုးသားဥယျာဉ်များအဖြစ်သတ်မှတ်ကြေညာခဲ့သည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုများ အားလုံးက တိဗက်ပြည်သူများ၏ ဘဝများနှင့်အသက်မွေးဝမ်းကျောင်းများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု မီဒီယာကဖော်ပြသည်။

တိဗက်သည် တတိယဝင်ရိုးစွန်း ကမ္ဘာမြေ၏ ရေခဲမြစ်များ၊ ရေခဲဒေသများနှင့် အစဉ်အေးခဲသော နက်ရှိုင်းမြေလွှာများ၏ အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် တိဗက်တွင် မြို့ပြပုံစံသွင်းခြင်းနှင့် ရိုးရာအသက်မွေးဝမ်းကျောင်းများကို နှောင့်ယှက်ခြင်းသည် ဂလက်စဂိုမြို့၌ ကျင်းပနေသော COP26 ထိပ်သီးအစည်းအဝေးတွင် ကြီးမားသော အနုတ်လက္ခဏာအသွင်ဆောင်စေနိုင်သည်။

တိဘက်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဗဟိုဌာန (TCHRD) ၏အဆိုအရ တရုတ်နိုင်ငံသည် ရာသီဥတုဆိုင်ရာအရေးယူမှုနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဟူသော ခေါင်းစဉ်အောက်၌ တိဗက်လူမျိုးများကို အပြစ်ပေးလျက်ရှိသည်။

တရုတ်နိုင်ငံသည် ရွှေ့ပြောင်းသွားလာသော ခြံမွေးတိရစ္ဆာန်ထိန်းကျောင်းသူများကို ကုန်းမြင့်မှမြို့ပြဒေသများသို့ ရွှေ့ပြောင်းနေရာချခြင်းက မြေယာပိုင်ဆိုင်ခွင့်အာမခံ၊ စားနပ်ရိက္ခာဖူလုံမှုနှင့် အခြားစုပေါင်းအခွင့်အရေးများစွာကို ဆုံးရှုံးစေသည်ဟု Tibet Press သတင်းကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly