တမူးမြို့တွင် စစ်ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ

တမူးမြို့တွင် စစ်ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူး အာရှလမ်းပေါ်ရှိ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင် ကျေးရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ နို၀င်ဘာလ ၅ရက် မွန်းလွဲ ၁ နာရီခန့်အချိန်က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း တမူးကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃) က ယနေ့ နိုဝင်ဘာလ ၆ ရက်တွင်ထုတ်ပြန်ထားသည်။

တိုက်ပွဲကြာချိန် နာရီဝက် အတွင်း စစ်ကောင်စီ ခလရ (၈၉)တပ် မှ ဒုအရာခံဗိုလ်တစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရပြီး MA3 သေနတ်တစ်လက်နှင့် ကျည်ဆန်များအပါဝင် အသုံးအဆောင်တချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုတွင် တမူးကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ကြိုတင်သတင်းရရှိထားချက်အရ ကလေးမြို့မှ တမူးဘက်မြို့သို့ သွားသော စစ်ကောင်စီတပ် အင်အား ၁၂ယောက်ခန့် လိုက်ပါလာသည့် ကားအသေးနှစ်စီးကို လမ်းတွင် ပိတ်ဆို့ပြီး မိုင်းများနှင့် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly